1. ယောသပ်၏မြစ်၊ မနာရှေ၏မြေး၊ မာခိရ၏ သားဂိလဒ်သားချင်းစုမှအိမ်ထောင်ဦးစီး တို့သည် မောရှေနှင့်အခြားခေါင်းဆောင်တို့ ထံသို့လာ၍၊-
2. ``ခါနာန်ပြည်ကိုစာရေးတံချ၍ဣသရေလ အမျိုးသားတို့အား ခွဲဝေပေးရန်ထာဝရ ဘုရားသည်ကိုယ်တော်အားမိန့်မှာတော်မူပါ သည်။ အကျွန်ုပ်တို့၏ဆွေမျိုးသားချင်းဇလော ဖဒ်၏အမွေကိုလည်း သူ၏သမီးတို့အား ဆက်ခံစေရန်မိန့်မှာတော်မူပါသည်။-
3. သို့ရာတွင်ထိုအမျိုးသမီးတို့သည်အခြား အနွယ်ဝင်အမျိုးသားတို့နှင့်စုံဖက်လျှင် သူတို့ ၏အမွေမြေသည်ထိုအမျိုးသားအနွယ်လက် ထဲသို့ရောက်ရှိသဖြင့် အကျွန်ုပ်တို့အတွက်ခွဲ ဝေပေးသောနယ်မြေသည်လျော့နည်းလာပါ လိမ့်မည်။-
4. ရောင်းချသောပစ္စည်းအားလုံးကိုမူလပိုင်ရှင် များ၏လက်သို့ပြန်အပ်ရသောပြန်လည်ပေး အပ်ခြင်းဆိုင်ရာယုဘိလနှစ်သို့ရောက်သော အခါ ဇလောဖဒ်သမီးတို့၏မြေသည်သူတို့ စုံဖက်သောအနွယ်ဝင်တို့လက်သို့အမြဲတမ်း ရောက်ရှိမည်ဖြစ်၍ အကျွန်ုပ်တို့၏အနွယ် အတွက်ဆုံးရှုံးနစ်နာပါသည်'' ဟုလျှောက် ထားကြသည်။
5. ထိုအခါမောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အားဆင့်ဆိုလေ၏။ မောရှေက``မနာ ရှေ၏အနွယ်ဝင်တို့လျှောက်ထားချက်သည် မှန်ကန်သဖြင့်၊-