3-4. ``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
5. သို့ဖြစ်၍ဤဒေသတွင်အကျွန်ုပ်တို့နေ ထိုင်ရန်အပိုင်ပေးသနားပါ။ အကျွန်ုပ်တို့ အားယော်ဒန်မြစ်တစ်ဖက်သို့ကူး၍မနေ ထိုင်စေပါနှင့်'' ဟုလျှောက်ထားကြ၏။
6. ထိုအခါမောရှေက``သင်တို့၏သားချင်းများ စစ်ချီတိုက်ခိုက်နေစဉ် သင်တို့သည်ဤအရပ် တွင်နေထိုင်ကြပါသလော။-
7. ဣသရေလအမျိုးသားတို့သည်ယော်ဒန် မြစ်ကိုကူး၍ ထာဝရဘုရားပေးသနား တော်မူသောပြည်သို့ဝင်ရောက်ရေးတွင် သင် တို့သည်အဘယ်ကြောင့်သူတို့ကိုစိတ် ပျက်အားလျော့စေကြသနည်း။-
8. ငါသည်သင်တို့၏ဘိုးဘေးများအားထို ပြည်ကိုထောက်လှမ်းရန် ကာဒေရှအရပ်မှ စေလွှတ်စဉ်အခါက သူတို့သည်လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ကြ၏။-
9. သူတို့သည်ဧရှကောလချိုင့်ဝှမ်းသို့တိုင်အောင် သွားရောက်ခဲ့ကြ၍ ထိုပြည်ကိုတွေ့မြင်ပြီး နောက်ပြန်လည်ရောက်ရှိလာကြသောအခါ ထာဝရဘုရားပေးသနားတော်မူသော ပြည်သို့မသွားရန်လူတို့ကိုတိုက်တွန်း ကြ၏။-
10. ထိုအခါထာဝရဘုရားသည်အမျက် တော်ထွက်၍၊-
11. `သူတို့သည်ငါ့ကိုသစ္စာဖောက်ကြသဖြင့် အီဂျစ်ပြည်မှထွက်လာသောသူတို့တွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိ သောမည်သည့်ယောကျာ်းမျှအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါပေးမည်ဟုကတိထား သောပြည်သို့မဝင်ရ' ဟုကျိန်ဆို၍မိန့် တော်မူခဲ့၏။-
12. ထိုသို့ဒဏ်စီရင်ခြင်းခံရသူတို့တွင် ကေနတ်အမျိုးသားယေဖုန္နာ၏သား ကာ လက်နှင့်နုန်၏သားယောရှုတို့မပါဝင် ချေ။ သူတို့သည်ထာဝရဘုရား၏သစ္စာ တော်ကိုစောင့်သူများဖြစ်ပေသည်။-
13. ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကိုအမျက်ထွက်သဖြင့် မိမိအလို ကိုဆန့်ကျင်သောအမျိုးဆက်တို့သေဆုံး ကုန်ကြသည်အထိသူတို့ကိုတောကန္တာရ ၌အနှစ်လေးဆယ်ပတ်လုံးလှည့်လည်နေ စေတော်မူ၏။-