31. ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့ က``အကျွန်ုပ်တို့သည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်းဆောင်ရွက်ပါမည်။-
32. အကျွန်ုပ်တို့သည်ယော်ဒန်မြစ်အရှေ့ဘက် ရှိပြည်ကိုအပိုင်ရနိုင်ရန် ထာဝရဘုရား ၏ရှေ့ဆောင်မှုကိုနာခံလျက် ခါနာန်ပြည် ဘက်သို့ကူး၍စစ်ချီတိုက်ခိုက်ပါမည်'' ဟုလျှောက်ထားကြလေသည်။
33. ထို့ကြောင့်မောရှေသည်အာမောရိဘုရင် ရှိဟုန်နှင့် ဗာရှန်ဘုရင်သြဃတို့ပိုင်သမျှ သောနယ်မြေနှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ ရွာများကိုဂဒ်အနွယ်ဝင်၊ ရုဗင်အနွယ်ဝင် နှင့်မနာရှေအနွယ်ဝင်တို့အားသတ်မှတ် ပေးလေသည်။-
34. ဂဒ်အနွယ်ဝင်တို့သည်ဒိဗုန်မြို့၊ အတရုပ် မြို့၊ အာရော်မြို့၊-
35. အာတရုတ်ရှောဖန်မြို့၊ ယာဇာမြို့၊ ယုမ္ဘေဟ မြို့၊-
36. ဗက်နိမရာမြို့နှင့်ဗေသာရန်မြို့စသော တံတိုင်းကာရံထားသည့် မြို့များကိုပြန် လည်တည်ဆောက်ကြ၏။-
37. ရုဗင်အနွယ်ဝင်တို့သည်ဟေရှဘုန်မြို့၊ ဧလာလေမြို့၊ ကိရယသိမ်မြို့၊-
38. နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
39. မနာရှေသားမာခိရ၏သားချင်းစုသည် ဂိလဒ်ပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီးလျှင် ထိုပြည်တွင်နေထိုင်သောအာမောရိအမျိုး သားတို့ကိုမောင်းထုတ်၍ပြည်ကိုသိမ်းပိုက် လေသည်။-
40. ထို့ကြောင့်မောရှေသည်မာခိရသားချင်းစု အားဂိလဒ်ပြည်ကိုပေးသဖြင့် သူတို့သည် ထိုပြည်တွင်နေထိုင်ကြ၏။-
41. မနာရှေ၏အနွယ်ဝင်ဖြစ်သောယာဣရ သည် ကျေးရွာအချို့ကိုတိုက်ခိုက်သိမ်းပိုက် ပြီးလျှင်``ယာဣရကျေးရွာများ'' ဟု သမုတ်လေသည်။-
42. နောဗာဆိုသူသည်လည်းကေနတ်မြို့နှင့် အနီးရှိ ကျေးရွာများကိုတိုက်ခိုက်သိမ်း ပိုက်ပြီးလျှင် မိမိ၏အမည်ကိုစွဲ၍ နောဗာမြို့ဟုမှည့်ခေါ်လေ၏။