1. ထာဝရဘုရားသည်မောရှေအား၊-
2. ``ဣသရေလအမျိုးသားတို့အတွက်မိဒျန် အမျိုးသားတို့အားလက်စားချေလော့။ ထို တာဝန်ကိုဆောင်ရွက်ပြီးနောက် သင်သည် အနိစ္စရောက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
3. ထို့ကြောင့်မောရှေသည်ဣသရေလအမျိုးသား တို့အား``မိဒျန်အမျိုးသားတို့သည်ထာဝရ ဘုရားကိုပြစ်မှားကြသောကြောင့် သူတို့ကို တိုက်ခိုက်ချေမှုန်းရန်အသင့်ပြင်ကြလော့။-
4. စစ်ချီတက်တိုက်ခိုက်ရန်ဣသရေလအနွယ် များမှ တစ်နွယ်လျှင်လူတစ်ထောင်ကျစေ လွှတ်လော့'' ဟုဆို၏။
5. သို့ဖြစ်၍စစ်ချီရန်ဣသရေလအနွယ်များ မှလူတစ်ထောင်ကျစီဖြင့် လူပေါင်းတစ်သောင်း နှစ်ထောင်ကိုရွေးချယ်ကြလေသည်။-
6. ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်အားဣသရေလတပ်ကို အုပ်ချုပ်ကွပ်ကဲစေ၏။ သူနှင့်အတူတဲတော် နှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများနှင့် အချက်ပေးတံပိုးခရာများကိုယူဆောင် သွား၏။-