1. သင်တို့သည်သတ္တမလ၊ ပထမနေ့တွင် စုဝေး ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။ ထိုနေ့တွင်တံပိုးခရာများကိုမှုတ်ရမည်။-
2. ထာဝရဘုရားအားအပြစ်အနာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်နှင့် တစ်နှစ်သားအရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ်ရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။-
3. မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရော သောမုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော် ရမည်။ နွားထီးနှင့်အတူမုန့်ညက်ခြောက်ပေါင် ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့်ညက် လေးပေါင်ကိုလည်းကောင်း၊-
4. သိုးကလေးတစ်ကောင်စီနှင့်အတူ မုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
5. ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤ နည်းအားဖြင့်လူတို့အတွက်သန့်စင်မှု ဝတ်ကိုပြုရမည်။-
6. လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။
7. သင်တို့သည်သတ္တမလတစ်ဆယ့်လေးရက် နေ့တွင် စုဝေးဝတ်ပြုရမည်။ ထိုနေ့၌အစား အစာမစားရ၊ အလုပ်မလုပ်ရ။-