27. မြည်းသည်ကောင်းကင်တမန်ကိုမြင်ပြန်သော အခါ လမ်းမပေါ်တွင်ဝပ်ချလိုက်၏။ ဗာလမ် သည်ဒေါသထွက်၍မြည်းကိုတောင်ဝှေးဖြင့် ရိုက်လေသည်။-
28. ထိုအခါထာဝရဘုရားသည်မြည်းကိုလူကဲ့ သို့ စကားပြောစေသဖြင့်မြည်းကဗာလမ် အား``ငါ့ကိုအဘယ်အပြစ်ကြောင့်သုံးကြိမ် တိုင်အောင်ရိုက်ရပါသနည်း'' ဟုမေးလေ သည်။
29. ဗာလမ်က``သင်သည်ငါ့ကိုအရူးဖြစ်အောင် ပြုလုပ်ပါသည်တကား။ ငါ့လက်ထဲ၌ဋ္ဌား ရှိလျှင်သင့်ကိုငါသတ်မည်'' ဟုဆိုလေ၏။
30. ထိုအခါမြည်းက``ငါသည်သင်စီးနေကျ မြည်းမဟုတ်ပါသလော။ ငါသည်ယခင်ဤ ကဲ့သို့ပြုခဲ့ဖူးပါသလော'' ဟုဗာလမ်အား မေးလေ၏။ဗာလမ်က``မပြုဘူး'' ဟုပြန်ပြော၏။
31. ထိုနောက်ထာဝရဘုရားသည်ဗာလမ်အား ဋ္ဌားကိုင်၍ ရပ်နေသောကောင်းကင်တမန်ကို မြင်စေတော်မူသဖြင့် သူသည်မြေပေါ်တွင် ပျပ်ဝပ်၍နေလေ၏။-
32. ကောင်းကင်တမန်ကဗာလမ်အား``သင်သည် မြည်းကိုဤသို့အဘယ်ကြောင့်သုံးကြိမ် ရိုက်ရပါသနည်း။ သင်သည်ခရီးဆက်၍ မသွားနိုင်ရန်ငါသည်သင်သွားရာလမ်း ကိုပိတ်ဆို့ခဲ့သည်။-
33. သင်၏မြည်းသည်ငါ့ကိုမြင်သဖြင့်သုံးကြိမ် တိုင်လမ်းလွှဲခဲ့ပြီ။ အကယ်၍မြည်းသည်လမ်း မလွှဲခဲ့လျှင် ငါသည်သင့်ကိုသတ်၍မြည်း ကိုအသက်ချမ်းသာပေးပြီ'' ဟုဆိုလေ၏။
34. ထိုအခါဗာလမ်က``အကျွန်ုပ်အပြစ်ကူး လွန်မိပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်ကိုတား ဆီးရန်လမ်းပေါ်တွင်ရပ်နေသည်ကိုအကျွန်ုပ် မသိပါ။ အကျွန်ုပ်အားခရီးဆက်၍မသွား စေလိုလျှင်အိမ်သို့ပြန်ပါမည်'' ဟုဆိုလေ ၏။
35. ကောင်းကင်တမန်ကလည်း``ဤသူတို့နှင့် အတူလိုက်သွားလော့။ သို့ရာတွင်ငါပြော စေလိုသည့်အတိုင်းသာပြောဆိုရမည်'' ဟုဆို၏။ သို့ဖြစ်၍ဗာလမ်သည်သူတို့နှင့် အတူလိုက်ပါသွားလေ၏။
36. ဗာလက်ဘုရင်သည်ဗာလမ်လာနေကြောင်း ကိုကြားသိရသောအခါ မောဘပြည်နယ်စပ် အာနုန်မြစ်ကမ်းပေါ်ရှိအာရမြို့သို့သွား၍ ကြိုဆို၏။-
37. ဗာလက်ကဗာလမ်အား``အကျွန်ုပ်ပထမ အကြိမ်ကိုယ်တော်ကိုခေါ်ရန်စေလွှတ်စဉ်က အဘယ်ကြောင့်လိုက်၍မလာပါသနည်း။ ကိုယ်တော်အားထိုက်တန်စွာမချီးမြှင့်နိုင် ဟုယူဆပါသလော'' ဟုဆီး၍မေးလေ သည်။
38. ဗာလမ်က``ငါယခုရောက်လာပြီ။ သို့ရာတွင် ငါသည် ကိုယ်တိုင်ပြောပိုင်ခွင့်မရှိ။ ဘုရားသခင်ကငါ့အားပြောစေလိုသမျှကို သာငါပြောနိုင်မည်'' ဟုဆိုလေ၏။-
39. သို့ဖြစ်၍ဗာလမ်သည်ဗာလက်နှင့်အတူ ဿုဇုတ်မြို့သို့လိုက်ပါသွားလေသည်။-
40. ထိုမြို့တွင်ဗာလက်သည်သိုးနွားများကို သတ်၍ အသားအချို့ကိုဗာလမ်နှင့်အကြီး အကဲများထံသို့ပို့စေသည်။
41. နောက်တစ်နေ့နံနက်တွင်ဗာလက်ဘုရင်သည် ဣသရေလအမျိုးသားတို့မြင်သာနိုင် သောဗားမော့ဗာလတောင်ကုန်းပေါ်သို့ ဗာလမ်အားခေါ်ဆောင်သွားလေသည်။