4. ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟောရ တောင်မှထွက်ခွာ၍ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် အကွာဘာပင်လယ်ကွေ့သို့သွားရာလမ်းအတိုင်း ချီတက်ကြလေသည်။ သို့ရာတွင်သူတို့သည် လမ်းခုလတ်တွင် စိတ်ပျက်အားလျော့လာကြ ပြီးလျှင်၊-
5. ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။-
6. ထိုအခါထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ရှိရာသို့မြွေဆိုးများကိုစေ လွှတ်သဖြင့် လူပေါင်းများစွာတို့သည်မြွေ ကိုက်ခံရ၍သေဆုံးကြ၏။-
7. ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
8. ထိုအခါထာဝရဘုရားကမောရှေအား သတ္တု မြွေရုပ်ကိုပြုလုပ်၍တိုင်ထိပ်တွင်တင်ထားရန် ခိုင်းစေတော်မူ၏။ မြွေကိုက်ခံရသောသူသည် မြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရ မည်ဖြစ်ကြောင်းဆင့်ဆိုစေတော်မူ၏။-
9. ထို့ကြောင့်မောရှေသည်ကြေးဝါမြွေရုပ်ကိုပြု လုပ်၍ တိုင်ထိပ်တွင်တင်ထားရာမြွေကိုက်ခံ ရသောသူသည် မြွေရုပ်ကိုကြည့်လျှင်အသက် ချမ်းသာရာရလေ၏။
10. တစ်ဖန်ဣသရေလအမျိုးသားတို့သည် ခရီး ဆက်ခဲ့ကြရာသြဗုတ်အရပ်တွင်စခန်းချ ကြ၏။-
11. ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်၍ မောဘပြည်အရှေ့ဘက်တောကန္တာရရှိယို ယွင်းပျက်စီးနေသော ဗာရိမ်မြို့တွင်စခန်းချ ကြလေသည်။-
12. ထိုနောက်သူတို့သည်ဇာရက်မြစ်ဝှမ်းတွင် စခန်းချကြသည်။-
13. ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်လာ ခဲ့ကြရာ အာနုန်မြစ်မြောက်ဘက်အာမောရိပြည် တောကန္တာရနှင့်တစ်ဆက်တည်းရှိသောတော ကန္တာရတွင်စခန်းချကြ၏။ (အာနုန်မြစ်သည် မောဘပြည်နှင့်အာမောရိပြည်တို့၏နယ်ခြား ဖြစ်၏။-)
14. ထို့ကြောင့်ထာဝရဘုရား၏စစ်ပွဲများစာ စောင်တွင်``သုပဒေသတွင်တည်သောဝါဟက် မြို့နှင့်ချိုင့်ဝှမ်းများအာနုန်မြစ်နှင့်၊-
15. မောဘပြည်နယ်စပ်အာရမြို့သို့တိုင်အောင် လျှောဆင်းသောချိုင့်ဝှမ်းများ'' ဟူ၍ဖော်ပြ ပါရှိလေသည်။
16. ဣသရေလအမျိုးသားတို့သည်ထိုအရပ်မှ ရေတွင်းဟုအနက်ရှိသောဗေရစခန်းသို့ ရောက်ကြလေသည်။ ထိုစခန်းတွင်ထာဝရ ဘုရားကမောရှေအား``လူအပေါင်းတို့ကို စုရုံးစေလော့။ ငါသည်သူတို့အားရေပေး မည်'' ဟုမိန့်တော်မူ၏။-
17. ထိုအခါဣသရေလအမျိုးသားတို့စပ်ဆို ကြသောသီချင်းသည်ကား၊-``ရေတွင်းတို့ရေထွက်ကြလော့။ ငါတို့သည်သီချင်းဆို၍ကြိုဆိုမည်။