8. တစ်ဖန်မောရှေသည်ကောရအား``လေဝိ အနွယ်ဝင်တို့၊ နားထောင်လော့။-
9. ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် သင်တို့ကိုထာဝရဘုရားထံ တော်သို့ချဉ်းကပ်ရန် ထာဝရဘုရား၏ တဲတော်တွင်အမှုထမ်းရန်နှင့် တစ်မျိုး သားလုံး၏အမှုကိုဆောင်ရွက်ရန်သီး သန့်ရွေးချယ်တော်မူ၏။ ဤအခွင့်အရေး သည်သေးသိမ်သောအခွင့်အရေးမဟုတ်။-
10. ထာဝရဘုရားသည်သင်နှင့်တကွအခြား သောလေဝိအနွယ်ဝင်တို့အား ဤအခွင့် အရေးကိုပေးထားပါလျက်နှင့်ယခုသင် တို့သည် ယဇ်ပုရောဟိတ်အရာကိုတောင်းဆို လာကြပါသည်တကား။-
11. သင်နှင့်သင်၏နောက်လိုက်အပေါင်းတို့က အာရုန်ကိုအပြစ်တင်ကြခြင်းသည်စင်စစ် အားဖြင့် ထာဝရဘုရားကိုပုန်ကန်ခြင်း ပင်ဖြစ်သည်'' ဟုပြောလေ၏။
12. ထိုနောက်မောရှေသည်ဒါသန်နှင့်အဘိရံ တို့ကိုဆင့်ခေါ်သော်လည်း သူတို့သည်မ လာကြ။-
13. သူတို့က``သင်သည်ငါတို့ကိုတောကန္တာရ၌ သေကုန်စေခြင်းငှာ အစာရေစာပေါကြွယ်ဝ သောအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီမဟုတ် လော။ ယခုသင်သည်ငါတို့အပေါ်တွင်မင်း မူလိုပါသလော။-
14. သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။
15. ထိုအခါမောရှေသည်သူတို့ကိုအလွန် အမျက်ထွက်၍ ထာဝရဘုရားအား``ဤသူ တို့ဆက်သသောပူဇော်သကာကိုလက်ခံ တော်မမူပါနှင့်။ အကျွန်ုပ်သည်သူတို့တစ် ဦးတစ်ယောက်ကိုမျှမတော်မတရားမပြု လုပ်ခဲ့ပါ။ သူတို့ထံမှမြည်းတစ်ကောင်မျှ မသိမ်းမယူခဲ့ပါ'' ဟုလျှောက်ထားလေ၏။
16. မောရှေကကောရအား``နက်ဖြန်နေ့တွင် သင်နှင့်တကွ သင်၏နောက်လိုက်သူနှစ်ရာ့ ငါးဆယ်တို့သည်တဲတော်သို့လာရကြ မည်။ အာရုန်သည်လည်းတဲတော်တွင်ရှိ လိမ့်မည်။-
17. သင်တို့အသီးသီးသည်ယဇ်ပလ္လင်၌ဆက် သရန် မိမိ၏မီးကျီးခံအိုးတွင်နံ့သာ ပေါင်းထည့်၍ယူခဲ့ရမည်'' ဟုဆို၏။-
18. ထိုကြောင့်လူတိုင်းပင်မိမိ၏မီးကျီးခဲ နှင့်နံ့သာပေါင်းထည့်၍မောရှေ၊ အာရုန်တို့ နှင့်အတူတဲတော်တံခါးဝ၌ရပ်နေ ကြသည်။-
19. ကောရသည်လူအပေါင်းတို့ကိုစုဝေးစေ ၍တဲတော်တံခါးဝတွင် မောရှေနှင့်အာရုန် တို့ကိုမျက်နှာချင်းဆိုင်၍ရပ်နေစေသည်။ ထိုခဏချင်းတွင်လူအပေါင်းတို့ရှေ့၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထွန်းတောက်လေသည်။-
20. ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား၊-
21. ဤသူတို့အနီးအပါးမှခွာ၍နေလော့။ ငါသည်သူတို့ကိုယခုချက်ချင်းဖျက် ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။
22. သို့ရာတွင်မောရှေနှင့်အာရုန်တို့သည်မြေ ပေါ်တွင်ပျပ်ဝပ်၍`အို ဘုရားသခင်၊ ကိုယ် တော်သည်လူသတ္တဝါအပေါင်းတို့၏အသက် သခင်ဖြစ်တော်မူပါ၏။ လူတစ်ဦးတစ် ယောက်၏အပြစ်ကြောင့်တစ်မျိုးသားလုံး ကိုအမျက်ထွက်တော်မူမည်လော'' ဟု လျှောက်ထားလေသည်။
23. ထာဝရဘုရားကမောရှေအား၊-