4-5. ထာဝရဘုရားအားသိုးသို့မဟုတ်ဆိတ်ကို မီးရှို့ရာယဇ်အဖြစ်ပူဇော်သောသူသည် ယဇ် ကောင်နှင့်အတူဘောဇဉ်သကာအဖြစ် သံလွင် ဆီနှစ်ပိုင့်နှင့်ရောထားသောမုန့်ညက်နှစ်ပေါင် အပြင် စပျစ်ရည်နှစ်ပိုင့်ကိုလည်းယူဆောင် ခဲ့ရမည်။-
6. သိုးထီးကိုပူဇော်သည့်အခါဘောဇဉ် သကာအဖြစ် သံလွင်ဆီသုံးပိုင့်နှင့်ရော ထားသောမုန့်ညက်လေးပေါင်အပြင်၊-
7. စပျစ်ရည်သုံးပိုင့်ကိုလည်းဆက်သရမည်။ ဤသကာတို့၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
8. ထာဝရဘုရားအားနွားထီးကိုမီးရှို့ ရာယဇ်သို့မဟုတ်သစ္စာဝတ်ဖြေရာယဇ် သို့မဟုတ်မိတ်သဟာယယဇ်အဖြစ်ပူ ဇော်သောအခါ၊-
9. သံလွင်ဆီလေးပိုင့်နှင့်ရောထားသောမုန့် ညက်ခြောက်ပေါင်အပြင်၊-
10. စပျစ်ရည်လေးပိုင့်ကိုဆက်သရမည်။ ဤ သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
11. ဤသကာများသည် သိုး၊ နွား၊ ဆိတ်တို့နှင့်ပူဇော် ရမည့်သကာများဖြစ်သည်။-
12. ယဇ်ကောင်တစ်ကောင်ထက်ပို၍ပူဇော်သည့် အခါ တွဲဖက်ပူဇော်ရမည့်သကာများကို လည်းအချိုးကျတိုးမြှင့်ပူဇော်ရမည်။-