30. တိုင်းရင်းဖွားဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေတမင်သက်သက်အပြစ် ပြုမိလျှင်မူကား ထိုသူသည်ထာဝရဘုရား အားမထီမဲ့မြင်ပြုခြင်းဖြစ်သောကြောင့် သူ့ကိုသေဒဏ်စီရင်ရမည်။-
31. အဘယ်ကြောင့်ဆိုသော်သူသည်ထာဝရ ဘုရား၏အမိန့်ကိုပစ်ပယ်၍ ပညတ်တော် ကိုတမင်သက်သက်ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူသည်အပြစ်အလျောက်သေ ဒဏ်ခံရမည်။
32. ဣသရေလအမျိုးသားတို့သည်တောကန္တာရ ၌ရှိသောအခါ တစ်နေ့သောဥပုသ်နေ့၌လူ တစ်ယောက်ထင်းခွေလျက်နေသည်ကိုတွေ့ရှိ ကြသည်။-
33. ထိုသူအားမောရှေ၊ အာရုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့ထံသို့ခေါ် ဆောင်ခဲ့ကြသည်။-
34. သူ့အားမည်ကဲ့သို့စီရင်ရမည်ကိုမသိ သဖြင့်ချုပ်နှောင်ထားကြသည်။-
35. ထာဝရဘုရားကမောရှေအား``ထိုသူ အားသေဒဏ်စီရင်ရမည်။ ဣသရေလအမျိုး သားအပေါင်းတို့သည်စခန်းအပြင်၌သူ့ ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်'' ဟု မိန့်တော်မူ၏။-
36. သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းထိုသူကိုစခန်းအပြင်သို့ထုတ် ပြီးလျှင် ကျောက်ခဲနှင့်ပစ်သတ်ကြလေသည်။
37. ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
38. ``သင်တို့၏အဝတ်အင်္ကျီထောင့်စွန်းများ တွင်ပန်းပွားများပြုလုပ်၍ ပန်းပွားတစ်ခု စီတွင်ကြိုးပြာတပ်ထားရမည်။ သင်တို့ အမျိုးအစဉ်အဆက်ဤပညတ်ကိုစောင့် ထိန်းရမည်။-
39. သင်တို့သည်ပန်းပွားများကိုမြင်သည့် အခါတိုင်း ငါ၏ပညတ်ရှိသမျှကို သတိရ၍လိုက်နာကျင့်ဆောင်ကြလိမ့် မည်။ ထိုအခါသင်တို့သည်ငါ့ကိုစွန့်ပယ်၍ မိမိတို့အလိုအတိုင်းပြုမူကျင့်ဆောင် ကြမည်မဟုတ်တော့ချေ။-
40. ငါ၏ပညတ်ရှိသမျှကိုစောင့်ထိန်းရန် ပန်းပွားများက သင်တို့ကိုသတိပေး သဖြင့်သင်တို့သည်ငါ့အတွက်ဆက်ကပ် ထားသောလူမျိုးတော်ဖြစ်လိမ့်မည်။-
41. ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါသည်သင်တို့၏ ဘုရားဖြစ်အံ့သောငှာ သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့၏။ ငါသည်ထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။