1. ထိုအခါလူအပေါင်းတို့သည်တစ်ညလုံး ငိုကြွေးမြည်တမ်းကြလေသည်။-
2. သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
3. ထာဝရဘုရားသည်အဘယ်ကြောင့်ငါတို့ ကိုထိုပြည်သို့ပို့ဆောင်ရပါသနည်း။ ငါတို့ သည်စစ်ပွဲတွင်ကျဆုံးကြပါလိမ့်မည်။ ငါ တို့၏သားမယားတို့သည်လည်းရန်သူဖမ်း သွားခြင်းခံရပါလိမ့်မည်။ အီဂျစ်ပြည်သို့ ပြန်လျှင်ကောင်းမည်'' ဟုညည်းညူကြလေ သည်။-
4. ထိုကြောင့်သူတို့က``ငါတို့ကိုအီဂျစ်ပြည်သို့ ပြန်၍ ပို့ဆောင်မည့်ခေါင်းဆောင်တစ်ဦးကိုရွေး ကြပါစို့'' ဟူ၍အချင်းချင်းပြောဆိုကြ လေသည်။
5. ထိုအခါမောရှေနှင့်အာရုန်တို့သည် လူ အပေါင်းတို့ရှေ့တွင်မြေပေါ်၌ပျပ်ဝပ် လျက်နေကြ၏။-