7. ဤနည်းအားဖြင့်ယင်းသားမြေးတို့သည် ဘုရားသခင်ကိုကိုးစားလာကာကိုယ်တော်ပြုသောအမှုအရာတို့ကိုမမေ့မလျော့ဘဲပညတ်တော်တို့ကိုအစဉ် စောင့်ထိန်းကြပေလိမ့်မည်။
8. သူတို့သည်ဘုရားစကားကိုနားမထောင်ဘဲပုန်ကန်တတ်သောဘိုးဘေးတို့ကဲ့သို့မဖြစ် တော့ပေ။ထိုဘိုးဘေးတို့ကားအဘယ်အခါကမျှဘုရားသခင်ကိုစွဲမြဲစွာကိုးစားမှုမရှိ ခဲ့ကြ။ကိုယ်တော်၏အပေါ်၌လည်းအစဉ်အမြဲ သစ္စာမစောင့်ကြ။
9. လေးမြားကိုကိုင်စွဲတိုက်ခိုက်ကြသောဧဖရိမ်အမျိုးသားတို့သည်စစ်ပွဲဝင်ရသောနေ့၌ ထွက်ပြေးကြကုန်၏။
10. သူတို့သည်ဘုရားသခင်နှင့်မိမိတို့ပြုထားသည့် ပဋိညာဉ်ကိုမစောင့်ထိန်းကြ။ကိုယ်တော်ရှင်၏ပညတ်တော်ကိုလိုက်နာရန် ငြင်းဆန်ကြ၏။