5. သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။သင်္ချိုင်းတွင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်း ထောင်ထား၏။
6. ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။
7. ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့်ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
8. ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့်မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
9. ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်ဟလျက် ဆင်းသက်ကြွလာတော်မူ၏။ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
10. ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်၊လေ၏အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
11. ကိုယ်တော်သည်မိမိကိုယ်ကိုအမှောင်ဖြင့် ဖုံးလွှမ်းတော်မူ၏။ကိုယ်တော်၏ပတ်လည်တွင်ရေဖြင့်ပြည့်လျက် ထူထပ်သောမိုးတိမ်များရှိ၏။
12. ကိုယ်တော်၏ရှေ့တော်တွင်မိုးသီးနှင့်မီးလျှံ များသည် လျှပ်စစ်ပြက်ရာမှပေါ်ထွက်လာလျက်၊မဲမှောင်နေသောမိုးတိမ်များကိုထွင်းဖောက်၍ ကျလာ၏။
13. ကိုယ်တော်သည်ကောင်းကင်မှမိုးချုန်းတော်မူ၏။အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်၏ အသံတော်ထွက်ပေါ်လာ၏။
14. ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။