1. အို ထာဝရဘုရား၊ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်ပါ၏။ယခုပင်ကျွန်တော်မျိုးအားကူမတော်မူပါ။ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ နားထောင်တော်မူပါ။
2. ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုမီးရှို့ ပူဇော်ရာ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ကျွန်တော်မျိုးလက်အုပ်ချီခြင်းကိုညဥ့်ဦး ပူဇော်ရာ ယဇ်ကဲ့သို့လည်းကောင်းလက်ခံတော်မူပါ။
3. အို ထာဝရဘုရား၊ကျွန်တော်မျိုး၏ခံတွင်းအတွက် အစောင့်အကြပ်ကိုလည်းကောင်း၊ကျွန်တော်မျိုး၏နှုတ်ဝတွင်ကင်းစောင့် ကိုလည်းကောင်းထားရှိတော်မူပါ။
4. မကောင်းမှုကိုသော်လည်းကောင်း၊ ဆိုးညစ်သူတို့နှင့်အတူယုတ်မာမှုများကိုသော်လည်းကောင်းပြုကျင့်လိုသောစိတ်ဆန္ဒနှင့်ကျွန်တော်မျိုးအား ကင်းဝေးစေတော်မူပါ။ကျွန်တော်မျိုးသည်ထိုသူတို့၏စားသောက်ပွဲ များကို အစဉ်အမြဲရှောင်ရှားနိုင်ပါစေသော။