20. အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အကြောင်းဆိုးရွားသည့်သတင်းကိုလွှင့်သူကျွန်တော်မျိုး၏ရန်သူတို့ အား ဤနည်းအတိုင်းအပြစ်ပေးတော်မူပါ။
21. သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်၊ကိုယ်တော်ရှင်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကူမတော်မူပါ။ကိုယ်တော်ရှင်၏မေတ္တာတော်ကိုထောက်၍ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
22. ကျွန်တော်မျိုးသည်ဆင်းရဲချို့တဲ့နွမ်းပါး ပါ၏။အသည်းနှလုံးထဲတွင်နာကြည်းလျက်ရှိပါ၏။
23. ကျွန်တော်မျိုးသည် ညနေချိန်အရိပ်ကဲ့သို့ ပျောက်ကွယ်ရန်နီးပါပြီ။ပိုးကောင်ကဲ့သို့လေတိုက်၍လွင့်သွားပါ၏။
24. အစားအစာချို့တဲ့မှုကြောင့်ကျွန်တော်မျိုး၏ ဒူးတို့သည်ချည့်နဲ့လျက်ရှိပါ၏။ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် အရိုးနှင့်အရေသာရှိပါ၏။
25. လူတို့သည်ကျွန်တော်မျိုးကိုမြင်သောအခါ ပြက်ရယ်ပြုကြပါ၏။ ဦးခေါင်းကိုခါကြ ပါ၏။
26. ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးအားကူမတော်မူပါ။ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ကျွန်တော်မျိုးအားကယ်တော် မူပါ။
27. ကျွန်တော်မျိုးအားကယ်တော်မူသောသူသည်ကိုယ်တော်ရှင်ပင်ဖြစ်တော်မူကြောင်းကို ရန်သူတို့အားသိစေတော်မူပါ။
28. သူတို့သည်ကျွန်တော်မျိုးအားကျိန်ဆဲကြသော်လည်းကိုယ်တော်ရှင် မူကား ကောင်းချီးပေးတော်မူပါမည်။ကျွန်တော်မျိုးအားနှိပ်စက်ညှဉ်းဆဲသော သူတို့သည် အရေးရှုံးနိမ့်ကြပါစေသော။ကိုယ်တော်ရှင်၏ အစေခံကျွန်တော်မျိုးမူကား ဝမ်းမြောက်ရပါစေသော။
29. ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
30. ငါသည်အသံကျယ်စွာထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ပရိသတ်တို့အလယ်တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
31. အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ဆင်းရဲသူကိုကာကွယ်၍သူ့အားသေဒဏ်စီရင်ကြသောသူတို့ ၏လက်မှ ကယ်တော်မူသောကြောင့်ဖြစ်၏။