1. အို ဘုရားသခင်၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ဆိတ်ဆိတ်နေတော် မမူပါနှင့်။
2. သူယုတ်မာများနှင့်လူလိမ်များသည်ကျွန်တော် မျိုးကို တိုက်ခိုက်ကြပါ၏။သူတို့သည်ကျွန်တော်မျိုး၏အကြောင်း မုသားစကားပြောကြပါ၏။
3. သူတို့သည်ကျွန်တော်မျိုးအားအကြောင်းမဲ့တိုက်ခိုက်၍ကျွန်တော်မျိုး၏အကြောင်း ဆိုးရွားသောသတင်းများကိုလွှင့်ကြပါ၏။
4. ကျွန်တော်မျိုးသည်သူတို့အားမေတ္တာပြလျက် သူတို့အတွက်ဆုတောင်းပတ္ထနာပြုသော်လည်းသူတို့သည်ကျွန်တော်မျိုးအားရန်ဘက်ပြု ကြပါ၏။
5. သူတို့သည်ကျွန်တော်မျိုးပြုသည့်ကျေးဇူးကို ဆိုးညစ်မှုဖြင့်လည်းကောင်း၊ကျွန်တော်မျိုး၏မေတ္တာကိုမုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်လည်ပေးဆပ်ကြပါ၏။
6. ကျွန်တော်မျိုး၏ရန်သူအားတရားစီရင်ရန်အဂတိလိုက်စားသောတရားသူကြီးကို ခန့်ထားရွေးချယ်ပေးတော်မူပါ။သူ၏ရန်သူတစ်ယောက်ကပင်လျှင်သူ့အား ပြစ်တင်စွပ်စွဲစေတော်မူပါ။
7. သူ့အားစစ်ဆေး၍ပြစ်မှုထင်ရှားပါစေသော။သူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် ပြစ်မှုကူးရာရောက်ပါစေသော။
8. သူ၏အသက်သည်မကြာမီကုန်ဆုံးလျက် သူ၏ရာထူးကိုအခြားသူတစ်ဦးရရှိ ပါစေသော။
9. သူ၏သားသမီးများသည်မိဘမဲ့များဖြစ် ကြလျက် သူ၏ဇနီးသည်မုဆိုးမဖြစ်ပါစေသော။
10. သူ၏သားသမီးတို့သည်အိမ်ရာမဲ့သူတောင်း စားများ ဖြစ်ကြ၍မိမိတို့နေထိုင်ရာအိမ်ပျက်များမှနှင်ထုတ် ခြင်းကို ခံရကြပါစေသော။
11. ကြွေးရှင်တို့သည်သူ၏ဥစ္စာပစ္စည်းရှိသမျှတို့ကို သိမ်းယူကြလျက်သူစိမ်းတစ်ရံဆံတို့သည်သူလုပ်ကိုင်၍ရသမျှသောအကျိုးခံစား ရကြပါစေသော။