28. ထိုနောက်ဘုရားသခင်၏လူစုတော်သည်ဗာလဘုရားကိုပေဂုရအရပ်တွင်ရှိခိုး ဝတ်ပြု၍သက်မဲ့ဘုရားများကိုပူဇော်သည့်ယဇ်ကောင်သားကို စားကြ၏။
29. သူတို့သည်ယင်းသို့ပြုမူခြင်းအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေးကြရာသူတို့တွင်ရောဂါဆိုး ကပ်ရောက်လေ၏။
30. သို့ရာတွင်ဖိနဟတ်သည်ထ၍အပြစ်ရှိသူတို့ကိုဒဏ်စီရင်လိုက်သဖြင့် ကပ်ရောဂါသည်ငြိမ်းလေ၏။
31. ဖိနဟတ်ပြုခဲ့သည့်ကျေးဇူးကိုယနေ့တိုင်အောင် လူတို့သတိရကြကုန်၏။နောင်ကာလအစဉ်မပြတ်လည်း သတိရကြပေလိမ့်မည်။
32. သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။
33. သူတို့သည်မောရှေအားလွန်စွာစိတ်နာကြည်းစေသဖြင့်သူမစဉ်းစား မဆင်ခြင်ဘဲစကားပြောမိ၏။
34. သူတို့သည်ခါနာန်အမျိုးသားတို့အားသုတ်သင်ပစ်ရန်ထာဝရဘုရားစေခိုင်း တော်မူသည့်အတိုင်းမပြုမလုပ်ကြဘဲ
35. ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။
36. ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
37. သူတို့သည်မိမိတို့၏သားသမီးများကိုယဇ်ကောင်များအဖြစ်ဖြင့်ခါနာန်ရုပ်တုတို့အား ပူဇော်ကြ၏။
38. သူတို့သည်မိမိတို့၏အပြစ်မဲ့သူသားသမီးအရင်းအချာများကိုသတ် ဖြတ်ကာခါနာန်ရုပ်တုများအားပူဇော်ကြရာတိုင်းပြည်ကို ညစ်ညမ်းစေကြ၏။
39. ယင်းသို့သတ်ဖြတ်မှုများဖြင့်မိမိတို့ကိုယ်ကို ညစ်ညမ်းစေကြ၏။ယင်းသို့ပြုမူကြခြင်းအားဖြင့်ဘုရားသခင် ကိုလည်း သစ္စာဖောက်ကြ၏။
40. သို့ဖြစ်၍ထာဝရဘုရားသည်မိမိ၏လူစု တော်အား အမျက်ထွက်တော်မူ၏။သူတို့အားစက်ဆုပ်ရွံရှာတော်မူ၏။
41. ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ လက်တွင်စွန့်ပစ်၍ထားတော်မူသဖြင့်ရန်သူများသည်သူတို့ကိုအစိုးရကြကုန်၏။