14. သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက်ဘုရားသခင်အားသွေးစမ်းကြ၏။
15. သို့ဖြစ်၍ကိုယ်တော်သည်သူတို့တောင်းခံသည့် အရာကိုချပေးတော်မူသော်လည်းသူတို့အားရောဂါဆိုးစွဲကပ်စေတော် မူ၏။
16. သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။
17. ထိုအခါမြေကြီးသည်အက်ကွဲ၍ ဒါသန်ကိုလည်းကောင်း၊အဘိရံနှင့်အိမ်ထောင်စုသားတို့ကိုလည်းကောင်း မျိုလေ၏။
18. မီးလျှံသည်သူတို့၏နောက်လိုက်သူယုတ်မာတို့ အပေါ်သို့ကျ၍ကျွမ်းလောင်စေ၏။
19. သူတို့သည်သိနာတောင်အနီးတွင်ရွှေဖြင့်နွားသငယ်ရုပ်ကိုသွန်းလုပ်ကြပြီး နောက် ရှိခိုးကြ၏။
20. သူတို့သည်ဘုရားသခင်၏ဘုန်းအသရေ တော်ကိုမြက်စားတိရစ္ဆာန်ရုပ်နှင့်အစားထိုးကြကုန်၏။
21. အီဂျစ်ပြည်တွင်အံ့သြဖွယ်ကောင်းသော အမှုတော်များဖြင့်မိမိတို့အားကယ်တော်မူခဲ့သောဘုရားသခင်ကို မေ့လျော့ကြ၏။
22. ထိုပြည်တွင်ကိုယ်တော်ပြုတော်မူသော အမှုတော်တို့သည်အံ့သြဖွယ်ကောင်းလှပါသည်တကား။ပင်လယ်အနီးတွင်ပြုတော်မူသောအမှု တော်တို့သည် အံ့ဖွယ်သူရဲဖြစ်လှပါသည်တကား။
23. ဘုရားသခင်သည်မိမိ၏လူစုတော်အားသုတ်သင်ဖျက်ဆီးတော်မူမည်ဟုမိန့်တော်မူ သောအခါကိုယ်တော်ရွေးချယ်တော်မူသည့်အစေခံ မောရှေသည် ဆီးတားသဖြင့်အမျက်တော်ထွက်၍ထိုသူတို့အားသုတ်သင် ဖျက်ဆီးတော်မမူ။