1-2. ငါ၏ချစ်ဆွေတို့၊ ဤစာသည်သင်တို့ထံသို့ ဒုတိယအကြိမ်ငါရေးလိုက်သောစာဖြစ်၏။ ငါသည်ဤစာနှစ်စောင်လုံး၌မြင့်မြတ် သန့်ရှင်းသူပရောဖက်များ အခါတစ်ပါးက ဟောကြားခဲ့သည့်စကားများကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ပေးအပ် ခဲ့သည့်ကယ်တင်ရှင်သခင်ဘုရား၏ပညတ် တော်ကိုလည်းကောင်း သင်တို့ကြည်လင်သော ဉာဏ်ဖြင့်နားလည်စေရန်ယင်းတို့ကိုပြန် လည်သတိရစေ၏။-
3. အဆုံးစွန်သောကာလ၌မိမိတို့၏ကိလေ သာစိတ်အလိုသို့လိုက်၍ အသက်ရှင်သောသူ များပေါ်ပေါက်လိမ့်မည်ဖြစ်ကြောင်းသင်တို့ ဦးစွာနားလည်ရကြမည်။ ထိုသူတို့သည် သင်တို့အားပြက်ရယ်ပြုလျက်၊-
4. `သခင်ဘုရားသည်မိမိတစ်ဖန်ကြွလာ တော်မူမည်ဟုကတိထားတော်မူခဲ့သည် မဟုတ်ပါလော။ ထိုကတိတော်သည်အဘယ် သို့ဖြစ်လေပြီနည်း။ ငါတို့မိဘများကား သေလွန်ကြလေပြီ။ သို့ရာတွင်ခပ်သိမ်း သောအမှုအရာတို့သည်ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်ကရှိ ခဲ့သည့်အတိုင်းပင်ရှိနေသေးပါသည် တကား' ဟုဆိုကြလိမ့်မည်။-
5. ဘုရားသခင်သည်ရှေးကာလ၌မိုးကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုအမိန့်တော်ဖြင့် ဖန်ဆင်းတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ် တော်သည်ကမ္ဘာမြေကြီးကိုရေထဲမှရေ အားဖြင့်ပေါ်ပေါက်စေတော်မူကြောင်းကို လည်းကောင်း၊-
6. ရှေးကမ္ဘာမြေကြီးကိုရေဖြင့်ပင်လျှင်လွှမ်း မိုးဖျက်ဆီးတော်မူခဲ့ကြောင်းကိုလည်း ကောင်းသူတို့သည်တမင်သက်သက်မေ့ လျော့ကြ၏။-
7. သို့ရာတွင်ဘုရားသခင်သည်ယခုလက်ရှိ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုမီးဖြင့် ဖျက်ဆီးရာနေ့တိုင်အောင် ထိုအမိန့်တော် အားဖြင့်ပင်လျှင်ဆက်လက်တည်ရှိစေ တော်မူပေသည်။ ထိုနေ့၌ဘုရားတရား မဲ့သောသူတို့သည်တရားစီရင်ဖျက်ဆီး ခြင်းကိုခံရကြလိမ့်မည်။
8. သို့ရာတွင်ငါ၏ချစ်ဆွေတို့၊ ထာဝရဘုရား ၏အဖို့တစ်ရက်သည်နှစ်တစ်ထောင်ကဲ့သို့လည်း ကောင်း၊ နှစ်တစ်ထောင်သည်တစ်ရက်ကဲ့သို့လည်း ကောင်းဖြစ်သည်ကိုမမေ့လျော့ကြနှင့်။-
9. လူအချို့တို့ထင်မှတ်သကဲ့သို့ထာဝရ ဘုရားသည် မိမိ၏ကတိတော်ကိုအကောင် အထည်ဖော်ရန်နှောင့်နှေးလျက်နေတော်မူ သည်မဟုတ်။ မည်သူမျှမပျက်စီးဘဲလူတိုင်း နောင်တရစေရန်အလိုတော်ရှိ၍သင်တို့ ကိုသည်းခံတော်မူပေသည်။
10. သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-