15. ကျမ်းစာတော်က ``များများရသောသူ မပို၊ နည်းနည်းရသောသူမလို'' ဟုဖော်ပြ သကဲ့သို့ပင်ဖြစ်ပေသည်။
16. သင်တို့အားကူညီမစရန်ငါတို့၌စိတ် အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသောဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။-
17. တိတုသည်ငါတို့၏မေတ္တာရပ်ခံချက်ကို လက်ခံသည်သာမက၊ ကူညီရန်စေတနာ စိတ်ရှိသဖြင့်သင်တို့ထံသို့သွားရန် မိမိ အလိုအလျောက်စိတ်ပိုင်းဖြတ်ခဲ့ပေသည်။-
18. ငါတို့သည်သူနှင့်အတူညီအစ်ကိုတစ် ယောက်ကိုစေလွှတ်လိုက်၏။ ထိုသူသည် သတင်းကောင်းကိုဟောပြောကြေညာသော အမှုတော်ဆောင်တစ်ယောက်အနေဖြင့် အသင်းတော်အပေါင်းတို့၏လေးစားကြည် ညိုမှုကို ခံရသူဖြစ်၏။-
19. ထိုမျှသာမကဤအလှူငွေကောက်ခံမှု အတွက်ငါတို့နှင့်အတူခရီးပြုရန် အသင်း တော်များကရွေးချယ်ခန့်ထားခြင်းခံရ သူလည်းဖြစ်၏။ သခင်ဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်စေရန်နှင့် ငါတို့၏စိတ် စေတနာကိုသိသာစေရန် ငါတို့သည်ဤ အလှူခံလုပ်ငန်းကိုဆောင်ရွက်နေကြ ခြင်းဖြစ်၏။
20. ဤသို့ရက်ရောစွာပေးလှူကြသောအလှူ ငွေကိုကိုင်တွယ်ရာတွင် ငါတို့သည်သူတစ် ပါးတို့၏အပြစ်တင်ခြင်းနှင့်ကင်းလွတ် စေရန်သတိနှင့်ဆောင်ရွက်လျက်ရှိကြ၏။-
21. သခင်ဘုရား၏ရှေ့တော်၌သာမကလူ တို့၏ရှေ့၌လည်းလျောက်ပတ်မှန်ကန်သည့် အမှုကိုသာပြုရန်ရည်ရွယ်ချက်ရှိကြ၏။
22. သို့ဖြစ်၍ငါတို့သည်ထိုသူနှစ်ယောက်တို့နှင့် အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်လိုက်ကြသည်။ ထိုသူအားငါတို့အကြိမ် ကြိမ်အကဲခတ်ကြည့်ရာ သူသည်အစဉ်ကူညီ မစတတ်သူဖြစ်ကြောင်းတွေ့ရှိရပေသည်။ သူ သည်သင်တို့အပေါ်တွင်များစွာအယုံအကြည် ရှိသဖြင့် သူ၏စိတ်စေတနာသည်ပို၍ပင် ထက်သန်နေပေသည်။-
23. တိတုနှင့်ပတ်သက်၍ဖော်ပြရမည်ဆိုသော် သူသည်သင်တို့၏အမှုကိစ္စများတွင် ငါနှင့် အတူဝိုင်းဝန်းကူညီသူငါ၏လုပ်ဖော်ကိုင် ဘက်ဖြစ်၏။ သူနှင့်အတူလိုက်ပါလာကြ သောအခြားညီအစ်ကိုများမှာအသင်း တော်တို့၏ကိုယ်စားလှယ်များဖြစ်ကြ၏။-
24. ထိုကြောင့်သင်တို့အကြောင်းငါတို့ဂုဏ်ယူ ဝါကြွားသည့်အတိုင်းမှန်ကန်ကြောင်းထို သူတို့သည်လည်းကောင်း၊ အသင်းတော်များ သည်လည်းကောင်းသိရှိနိုင်ကြစေရန်သူ တို့အားမေတ္တာပြကြလော့။