5. သင်တို့သည်ယုံကြည်ခြင်း၌တည်ကြည်သူများ ဟုတ်မဟုတ် မိမိတို့ကိုယ်ကိုဆန်းစစ်ကြလော့။ ဤ သို့အစစ်အဆေးခံရာတွင်အောင်မြင်ပါမူ သင် တို့သည်မိမိတို့စိတ်နှလုံးအတွင်း၌ ခရစ်တော် ကိန်းအောင်းတော်မူကြောင်းအသေအချာသိရှိ ကြမည်။-
6. ငါတို့သည်အစစ်အဆေးခံရာတွင်အောင်မြင် သူများဖြစ်ကြောင်းကို သင်တို့သိလိမ့်မည်ဟု ငါမျှော်လင့်၏။-
7. သင်တို့သည်ဒုစရိုက်ကိုရှောင်ကြဉ်ကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းပတ္ထနာ ပြု၏။ ဤသို့ပြုရခြင်းမှာငါတို့သည်မိမိ တို့ကိုယ်ကိုအောင်မြင်သူများဖြစ်ကြောင်း ပေါ်လွင်စေလို၍မဟုတ်။ ငါတို့သည်မအောင် မြင်သူများဖြစ်ဟန်တူလျက်ပင်သင်တို့အား ကောင်းမြတ်သည့်အမှုကိုပြုကျင့်စေရန် ဆုတောင်းပတ္ထနာပြု၏။-
8. ငါတို့သည်သမ္မာတရားတော်ကိုဆန့်ကျင်၍ မည်သည့်အမှုကိုမျှမပြုနိုင်ကြ။ သမ္မာတရား တော်ဘက်မှနေ၍သာလျှင်ပြုနိုင်ကြ၏။-
9. ငါတို့အားနည်း၍သင်တို့အားကြီးသောအခါ ငါတို့ဝမ်းသာသည်။ သို့ဖြစ်၍သင်တို့သည်အပြစ် ဆိုဖွယ်မရှိသူများဖြစ်လာကြစေရန်ကိုလည်း ငါတို့ဆုတောင်းပတ္ထနာပြု၏။-
10. သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။