10. သင်တို့အားလုံးပင်လျှင်ဝိညာဉ်ဆုကျေးဇူး တစ်ပါးပါးကိုခံယူရရှိကြ၏။ သင်တို့သည် ဘုရားသခင်၏ဆုကျေးဇူးတော်အမျိုးမျိုး ကိုထိန်းသိမ်းစောင့်ရှောက်ရသူများအနေဖြင့် မိမိတို့ခံယူရရှိသည့်ဆုကျေးဇူးတော်ကို အချင်းချင်းတို့၏အကျိုးအတွက်အသုံး ပြုကြလော့။-
11. တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
12. ချစ်ဆွေတို့၊ သင်တို့၏ယုံကြည်ခြင်းကိုစစ် ဆေးရန်အတွက် ယခုသင်တို့ပြင်းပြစွာစုံစမ်း နှောင့်ယှက်ခြင်းကိုခံနေရကြသည်ကိုမအံ့ သြကြနှင့်။ ထိုအမှုအရာများသည်သင်တို့ အတွက်မထူးဆန်းပေ။-
13. အံ့သြနေမည့်အစားသင်တို့သည်ခရစ်တော် ၏ဝေဒနာတော်များကိုကိုယ်တော်နှင့်အတူ ပါဝင်ခံစားရကြသဖြင့်ဝမ်းမြောက်ကြ လော့။ သို့မှသာကိုယ်တော်၏ဘုန်းအသရေ တော်ပေါ်လွင်ထင်ရှားသောအခါသင်တို့သည် အလွန်ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။-
14. သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-
15. သင်တို့တွင်မည်သူတစ်စုံတစ်ယောက်မျှလူသတ် မှု၊ ခိုးမှု၊ ရာဇဝတ်မှုသို့မဟုတ်သူတစ်ပါး၏ ကိစ္စတွင်ဝင်ရောက်စွက်ဖက်မှုဖြင့်ပြစ်ဒဏ်မခံ ရစေနှင့်။-
16. သို့ရာတွင်ခရစ်ယာန်ဖြစ်သောကြောင့်ပြစ် ဒဏ်ခံရပါမူကားရှက်စရာအကြောင်းမရှိ။ ခရစ်တော်၏နာမကြောင့်ခံရလျှင်ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်း၏။
17. တရားစီရင်တော်မူရာအချိန်သည်ကျရောက် လာလေပြီ။ ဘုရားသခင်၏လူစုတော်ဝင်တို့ သည်တရားစီရင်တော်မူခြင်းကိုပထမ ဦးစွာခံရကြမည်။ ငါတို့သည်ဦးစွာတရား စီရင်တော်မူခြင်းခံရကြလျှင်ဘုရားသခင် ၏သတင်းကောင်းကိုမယုံကြည်သူတို့မည် သို့ဖြစ်လိမ့်မည်နည်း။-
18. ကျမ်းစာတော်ကဖော်ပြသည်နှင့်အညီ``အကယ်၍သူတော်ကောင်းများပင်လျှင် ကယ်တင်ခြင်းခံရရန်ခက်ခဲပါမူဘုရားတရားမဲ့သည့်အပြစ်ကူးသူတို့အဖို့ မည်သို့ဖြစ်လိမ့်မည်နည်း''
19. သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့် အညီဆင်းရဲခံရကြသူတို့သည်အကျင့် ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော် မူ၍သစ္စာတည်တော်မူသောအရှင်၏လက် တော်သို့မိမိတို့ကိုယ်ကိုအပ်နှံကြစေ။