20. အခြားသူတို့ကြောက်စေရန်အပြစ်ကူး သူတို့အား လူအများရှေ့တွင်ဆုံးမလော့။
21. ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-
22. မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။
23. သင်သည်မကြာခဏဖျားနာတတ်သည်ဖြစ်၍ ရေကိုသာလျှင်မသောက်ဘဲအစာကြေစေရန် စပျစ်ရည်အနည်းငယ်ကိုသုံးဆောင်လော့။