19. အာရှပြည်အသင်းတော်များကသင်တို့အား နှုတ်ဆက်ကြ၏။ အာကုလ၊ ပြစ်ကိလနှင့်သူတို့ အိမ်တွင်ဝတ်ပြုကိုးကွယ်ကြသည့်အသင်းဝင် များကလည်း သခင်ဘုရား၏နာမတော်နှင့် နှုတ်ဆက်ကြ၏။-
20. ဤအရပ်တွင်ရှိသည့်ညီအစ်ကိုအပေါင်းကလည်း သင်တို့ကိုနှုတ်ဆက်ကြ၏။ သင်တို့အချင်းချင်း သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။
21. ``မေတ္တာဖြင့်ပေါလု'' ဟူ၍ဤစာကိုငါကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပါ၏။-
22. မည်သူမဆိုသခင်ဘုရားကိုမချစ်ပါမူ ကျိန်စာသင့်ပါစေသတည်း။ သခင်ဘုရား ကြွလာတော်မူပါ။-
23. အရှင်ယေရှု၏ကျေးဇူးတော်သည်သင်တို့ အပေါ်သို့သက်ရောက်ပါစေသတည်း။-
24. ငါသည်ခရစ်တော်ယေရှုတပည့်ဖြစ်သူ သင် တို့အပေါင်းအားမေတ္တာပို့သလိုက်ပါ၏။ ကောရိန္သုသြဝါဒစာပထမစာစောင်ပြီး၏။