10. အကယ်၍သင်တို့ထံသို့တိမောသေရောက်ရှိလာ ပါလျှင် သူ့အားလှိုက်လှဲစွာကြိုဆိုဧည့်ခံကြလော့။ သူသည်ငါကဲ့သို့ပင်သခင်ဘုရား၏အမှုတော် ဆောင်ဖြစ်ပေသည်။-
11. သူ့ကိုအဘယ်သူမျှမလေးမစားမပြုစေနှင့်။ ငါသည်ခရစ်ယာန်ညီအစ်ကိုများနှင့်အတူသူ့ ကိုစောင့်မျှော်လျက်ရှိသဖြင့် သူ့အားငါ့ထံသို့ ချောမောစွာပြန်လည်ရောက်ရှိစေရန်ကူညီ ကြလော့။
12. ငါ့ညီအာပေါလုနှင့်ပတ်သက်၍ပြောရမည်ဆို လျှင် သူသည်အခြားခရစ်ယာန်ညီအစ်ကိုများ နှင့်အတူ သင်တို့ထံသို့သွားရောက်လည်ပတ်ရန် အထူးပင်ငါအားပေးတိုက်တွန်းပါ၏။ သို့ရာ တွင်ယခုအချိန်အခါမသင့်သေးဟုသူ ယုံကြည်၏။ နောင်အခွင့်ကောင်းကြုံသည့်အခါ လာရောက်ပါလိမ့်မည်။
13. နိုးနိုးကြားကြားရှိကြလော့။ သင်တို့၏ယုံကြည် ခြင်းတွင်ခိုင်မာစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိ ရှိကြလော့။-