38. ကိုယ်တော်က ``အဘယ်ကြောင့်ကြောက်လန့်နေကြ သနည်း။ အဘယ်ကြောင့်ယုံမှားသံသယဖြစ် နေကြသနည်း။ ငါ၏လက်များ၊ ခြေများကို ကြည့်ကြလော့။-
39. သင်တို့မြင်ရသူကားငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ ကိုယ်ကိုစမ်းသပ်ကြည့်ကြလော့။ သင်တို့မြင်သည် အတိုင်းငါ့မှာအသားအရိုးများရှိ၏။
40. ထိုနောက်လက်တော်ခြေတော်တို့ကိုတပည့်တော် တို့အားပြတော်မူ၏။-
41. သို့ရာတွင်သူတို့သည်အလွန်အံ့သြလျက်နေ ကြသဖြင့်မယုံနိုင်သေးဘဲရှိကြစဉ်ကိုယ်တော် က ``သင်တို့မှာစားစရာတစ်စုံတစ်ခုရှိသလော'' ဟုမေးတော်မူ၏။-
42. သူတို့သည်ငါးကင်တစ်ပိုင်းကိုပေးကြ၏။
43. ကိုယ်တော်သည်ယူ၍သူတို့၏ရှေ့တွင်သုံးဆောင် တော်မူ၏။