35. ထိုနောက်ထိုသူနှစ်ယောက်တို့သည်လမ်းတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်း ကောင်း၊ မုန့်ကိုဖဲ့တော်မူစဉ်တွင်ကိုယ်တော်မှန်း သိရှိလာကြောင်းကိုလည်းကောင်းပြောကြ၏။
36. ထိုအကြောင်းအရာများကိုတပည့်တော်နှစ်ယောက် တို့ပြောပြနေစဉ်သခင်ယေရှုသည်သူတို့၏အလယ် ၌ပေါ်လာတော်မူ၍ ``သင်တို့တွင်ငြိမ်သက်ခြင်းရှိ စေသတည်း'' ဟုမိန့်တော်မူ၏။
37. သူတို့သည်တစ္ဆေခြောက်သည်ဟုထင်မှတ်သဖြင့် ထိတ်လန့်တုန်လှုပ်နေကြ၏။-
38. ကိုယ်တော်က ``အဘယ်ကြောင့်ကြောက်လန့်နေကြ သနည်း။ အဘယ်ကြောင့်ယုံမှားသံသယဖြစ် နေကြသနည်း။ ငါ၏လက်များ၊ ခြေများကို ကြည့်ကြလော့။-
39. သင်တို့မြင်ရသူကားငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ ကိုယ်ကိုစမ်းသပ်ကြည့်ကြလော့။ သင်တို့မြင်သည် အတိုင်းငါ့မှာအသားအရိုးများရှိ၏။
40. ထိုနောက်လက်တော်ခြေတော်တို့ကိုတပည့်တော် တို့အားပြတော်မူ၏။-
41. သို့ရာတွင်သူတို့သည်အလွန်အံ့သြလျက်နေ ကြသဖြင့်မယုံနိုင်သေးဘဲရှိကြစဉ်ကိုယ်တော် က ``သင်တို့မှာစားစရာတစ်စုံတစ်ခုရှိသလော'' ဟုမေးတော်မူ၏။-
42. သူတို့သည်ငါးကင်တစ်ပိုင်းကိုပေးကြ၏။
43. ကိုယ်တော်သည်ယူ၍သူတို့၏ရှေ့တွင်သုံးဆောင် တော်မူ၏။
44. ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
45. ထိုနောက်တပည့်တော်တို့ကျမ်းစာတော်ကိုနား လည်ကြစေရန်သူတို့၏အသိဉာဏ်ကိုဖွင့်တော် မူ၏။-
46. ကိုယ်တော်က ``ကျမ်းစာတော်တွင်မေရှိယသည် အသေခံတော်မူရမည်။ ထိုနောက်သုံးရက်ကြာ သော်သေခြင်းမှထမြောက်တော်မူမည်။-
47. နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
48. သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။-
49. ငါ၏ခမည်းတော်ကတိထားတော်မူရာကို သင်တို့အပေါ်မှာငါသက်ရောက်စေမည်။ သို့ ရာတွင်သင်တို့သည်ကောင်းကင်ကတန်ခိုးကို မခံမယူရမီတိုင်အောင် ယေရုရှလင်မြို့၌ စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။
50. ကိုယ်တော်သည်တပည့်တော်တို့အားဗေသနိရွာ သို့ခေါ်ဆောင်သွားတော်မူပြီးလျှင်လက်တော်ကို ချီ၍ကောင်းချီးပေးတော်မူ၏။-
51. ဤသို့ကောင်းချီးပေးတော်မူစဉ်ကိုယ်တော်သည် တပည့်တော်တို့ထံမှထွက်ခွာလျက်ကောင်းကင် ဘုံသို့ယူဆောင်ခြင်းကိုခံတော်မူ၏။-
52. တပည့်တော်တို့သည်ကိုယ်တော်အားရှိခိုးပြီး လျှင်အလွန်ဝမ်းမြောက်ရွှင်လန်းစွာယေရုရှလင် မြို့သို့ပြန်သွား၍။-
53. ဗိမာန်တော်တွင်အမြဲမပြတ်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။