65. အခြားစကားများဖြင့်လည်းကိုယ်တော်ကို စော်ကားကြ၏။
66. မိုးလင်းသောအခါယုဒအမျိုးသားခေါင်း ဆောင်များဖြစ်ကြသောယဇ်ပုရောဟိတ်ကြီး များနှင့် ကျမ်းတတ်ဆရာများသည်စုဝေး ကြ၏။ ထိုနောက်ကိုယ်တော်အားမိမိတို့၏ တရားလွှတ်တော်သို့ခေါ်ဆောင်သွားကြ၏။-
67. သူတို့က ``သင်သည်မေရှိယဖြစ်ပါသလော။ ငါတို့အားပြောလော့'' ဟုဆိုကြ၏။ကိုယ်တော်က``ငါပြောလျှင်သင်တို့ယုံကြမည် မဟုတ်။-
68. သင်တို့အားငါမေးလျှင်သင်တို့ဖြေမည်မဟုတ်။
69. ယခုမှစ၍လူသားသည်အနန္တတန်ခိုးတော် ရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလတ္တံ့'' ဟုမိန့်တော်မူ၏။