44. ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။
45. ကိုယ်တော်သည်ဆုတောင်းရာမှထ၍တပည့် တော်များရှိရာသို့ပြန်ကြွတော်မူသောအခါ သူတို့သည်ဝမ်းနည်းမောပန်းလျက်အိပ်ပျော် နေကြသည်ကိုမြင်တော်မူ၏။-
46. ကိုယ်တော်က ``သင်တို့အဘယ်ကြောင့်အိပ်နေ ကြသနည်း။ ထကြလော့။ စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။
47. ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်ပင် လူပရိသတ် တစ်စုရောက်လာ၏။ တပည့်တော်တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သူယုဒသည် ထိုသူတို့ကို ခေါင်းဆောင်၍လာ၏။ သူသည်သခင်ယေရှုအား နမ်းရှုပ်ရန်ချဉ်းကပ်၏။-
48. သခင်ယေရှုက ``ယုဒ၊ သင်သည်နမ်းရှုပ်ခြင်း ဖြင့်လူသားအားရန်သူလက်သို့အပ်မည်လော'' ဟုမေးတော်မူ၏။
49. တပည့်တော်တို့သည်အခြေအနေကိုမှန်းဆ မိကြသောအခါကိုယ်တော်အား ``အရှင်၊ အကျွန်ုပ် တို့သည်ဋ္ဌားဖြင့်ခုတ်ရမည်လော'' ဟုမေးလျှောက် ကြ၏။-
50. တပည့်တော်တစ်ယောက်သည်ယဇ်ပုရောဟိတ် မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုသူ ၏လက်ယာနားရွက်ပြတ်လေ၏။
51. ထိုအခါသခင်ယေရှုက ``တော်ပြီ'' ဟုမိန့်တော် မူ၏။ ကိုယ်တော်သည်ထိုသူ၏နားရွက်ကိုလက် တော်ဖြင့်တို့ထိတော်မူ၍အနာကိုပျောက်စေ တော်မူ၏။
52. ထိုနောက်သခင်ယေရှုကမိမိအားဖမ်းဆီးရန် ရောက်ရှိလာကြသည့်ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့်ဘာသာရေး ခေါင်းဆောင်များအား ``သင်တို့သည်ဋ္ဌားပြကိုဖမ်း သကဲ့သို့ငါ့ကိုဖမ်းရန်ဋ္ဌားများ၊ တုတ်များနှင့် လာကြသလော။-
53. ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်မှာရှိစဉ်သင် တို့သည်အဘယ်ကြောင့်မဖမ်းဆီးကြသနည်း။ သို့ရာတွင်ဤအချိန်ကားသင်တို့၏အချိန်၊ အမိုက်မှောင်စိုးမိုးရာအချိန်တည်း'' ဟု မိန့်တော်မူ၏။
54. ထိုသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ခေါ်ဆောင် သွားကြ၏။ ပေတရုသည်ခပ်လှမ်းလှမ်းကနေ ၍လိုက်လာခဲ့၏။-
55. လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-
56. ထိုသို့ပေတရုထိုင်နေသည်ကိုအစေခံမ ကလေးတစ်ယောက်မြင်သဖြင့်ပေတရုအား စိုက်ကြည့်ပြီးလျှင် ``ဤသူသည်ယေရှုနှင့် အပေါင်းအပါဖြစ်၏'' ဟုဆို၏။
57. သို့ရာတွင်ပေတရုက ``အချင်းအမျိုးသမီး၊ ထိုသူကိုငါမသိ'' ဟုငြင်းဆိုလေ၏။
58. ထိုနောက်ခဏမျှကြာသော်လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် ``သင်သည်လည်းထိုသူ လူစုတွင်အပါအဝင်ဖြစ်၏'' ဟုဆို၏။သို့ရာတွင်ပေတရုက ``အချင်းလူ၊ ထိုလူစု တွင်ငါမပါ'' ဟုဆို၏။