2. ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်လူတို့ကိုကြောက်သောကြောင့် ကိုယ်တော် ကိုလျှို့ဝှက်စွာသတ်ရန်နည်းလမ်းရှာလျက်နေ ကြ၏။
3. ထိုအခါစာတန်သည် တစ်ကျိပ်နှစ်ပါးအပါ အဝင်ဖြစ်သူရှကာရုတ်ဟုနာမည်တွင်သော ယုဒ၏စိတ်နှလုံးထဲသို့ဝင်လေ၏။-
4. ထို့ကြောင့်သူသည်ယဇ်ပုရောဟိတ်ကြီးများ နှင့်ဗိမာန်တော်အစောင့်တပ်မှူးများထံသို့ သွား၍ ကိုယ်တော်အားအဘယ်နည်းဖြင့်သူတို့ လက်သို့အပ်ရမည်ကိုဆွေးနွေးတိုင်ပင်၏။-
5. သူတို့သည်ဝမ်းမြောက်သဖြင့်ယုဒအား ငွေပေးရန်ကတိပြုကြ၏။-
6. ယုဒသည်သဘောတူသဖြင့်ပရိသတ်မသိ အောင်ကိုယ်တော်အားသူတို့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
7. တဆေးမဲ့မုန့်ပွဲတော်တွင်ပသခါသိုးငယ်ကို သတ်၍ပူဇော်ရာနေ့ရက်ကျရောက်လာ၏။-
8. ကိုယ်တော်ကပေတရုနှင့်ယောဟန်တို့အား ``ငါ တို့စားရန်ပသခါပွဲညစာကိုသွား၍ပြင်ဆင် ကြလော့'' ဟုဆို၍စေလွှတ်တော်မူ၏။
9. သူတို့က ``အဘယ်အရပ်တွင်ပြင်ဆင်ရပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
10. ကိုယ်တော်က ``သင်တို့မြို့တွင်းသို့ဝင်မိလျှင်ရေ အိုးကိုထမ်းလာသူလူတစ်ယောက်သည်သင်တို့ အားကြိုဆိုလိမ့်မည်။ သူ့နောက်သို့လိုက်၍သူ ဝင်သောအိမ်ထဲသို့ဝင်ကြလော့။-
11. အိမ်ရှင်အား `တပည့်များနှင့်အတူပသခါပွဲ ညစာကိုငါစားရန်အခန်းကားအဘယ်နည်း' ဟုဆရာတော်ကစုံစမ်းခိုင်းကြောင်းပြောကြား ကြလော့။-
12. ထိုသူသည်အထက်ထပ်ရှိခင်းကျင်းထားသော အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်မှုကိုပြုကြလော့'' ဟုမိန့်တော်မူ၏။-
13. တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး နောက်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်းတွေ့ ရှိကြသဖြင့် ပသခါပွဲညစာကိုအသင့်ပြင် ဆင်ကြ၏။
14. အချိန်ရောက်သောအခါကိုယ်တော်သည်တမန် တော်တို့နှင့်အတူစားပွဲတွင်ထိုင်တော်မူ၏။-