19. ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-
20. ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။
21. ``သို့ရာတွင်သတိပြုကြလော့။ ငါ့ကိုရန်သူ့ လက်သို့အပ်မည့်သူသည်ငါနှင့်အတူစားပွဲ မှာရှိ၏။-
22. လူသားသည်ဘုရားသခင်ခွဲခန့်ထားတော်မူ သည်အတိုင်းအသေခံရန်အမှန်ပင်သွားရ မည်။ သို့သော်လူသားကိုရန်သူလက်သို့အပ် သောသူသည်အမင်္ဂလာရှိ၏'' ဟုမိန့်တော် မူ၏။
23. တပည့်တော်တို့သည်မိမိတို့အနက်အဘယ် သူသည်ဤအမှုကိုပြုလိမ့်မည်နည်းဟု အချင်းချင်းမေးမြန်းကြ၏။
24. တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးဖြစ်သနည်းဟုအငြင်း ပွားကြ၏။-
25. ထိုအခါကိုယ်တော်က ``လောကီဘုရင်များသည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ်ကြ ၏။ အာဏာပိုင်များသည်လည်းမိမိတို့ကိုယ်ကို ကျေးဇူးရှင်များဟုအခေါ်ခံတတ်ကြ၏။-
26. သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် စေသင့်။ သင်တို့တွင်အကြီးမြတ်ဆုံးဖြစ်သူ သည်အသိမ်ငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ခေါင်းဆောင်ဖြစ်သူသည်အစေခံကဲ့သို့ဖြစ် ရမည်။-
27. စားပွဲထိုင်သူ၊ အစေခံသူတို့အနက်အဘယ်သူ သာ၍ကြီးမြတ်သနည်း၊ စားပွဲထိုင်သူမဟုတ် လော။ သို့ရာတွင်ငါသည်သင်တို့တွင်အစေခံသူ သဖွယ်ဖြစ်၏။
28. သင်တို့သည်ငါနှင့်အတူစုံစမ်းနှောင့်ယှက်မှု များကိုရင်ဆိုင်ခဲ့သူများဖြစ်ကြ၏။-
29. ခမည်းတော်သည်ငါ့အားအုပ်စိုးခွင့်ကိုပေး အပ်တော်မူသည်နည်းတူ ငါသည်လည်းသင် တို့အားအုပ်စိုးခွင့်ကိုပေး၏။-
30. သင်တို့သည်နိုင်ငံတော်တွင်ငါ၏စားပွဲ၌စား သောက်ရကြလိမ့်မည်။ ထို့အပြင်ပလ္လင်များ ပေါ်မှာထိုင်လျက်ဣသရေလတစ်ဆယ့်နှစ်နွယ် တို့အားအုပ်စိုးရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
31. သခင်ယေရှုက ``ရှိမုန်၊ ရှိမုန်၊ စပါးကိုလှေ့ သကဲ့သို့သင်တို့အားလုံးကိုစစ်ဆေးရန် စာတန်ကအခွင့်ရလေပြီ။-
32. သို့ဖြစ်၍သင်၏ယုံကြည်ခြင်းခိုင်မြဲစေရန် ငါဆုတောင်းလေပြီ။ သင်သည်သတိတရား ပြန်လည်ရရှိသောအခါသင်၏ညီအစ်ကို များအားခွန်အားဖြည့်တင်းပေးရမည်'' ဟု မိန့်တော်မူ၏။
33. ပေတရုက ``အရှင်၊ အကျွန်ုပ်သည်ထောင်ထဲသို့ လည်းကောင်း၊ သေရွာသို့လည်းကောင်းကိုယ်တော် ရှင်နှင့်အတူလိုက်ရန်အသင့်ရှိပါ၏'' ဟု လျှောက်၏။
34. ကိုယ်တော်က ``ပေတရု၊ သင့်အားငါဆိုသည် ကားယနေ့ညကြက်မတွန်မီသင်သည်ငါ့ကို မသိဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့် မည်'' ဟုမိန့်တော်မူ၏။