26. သူတို့သည်လူတို့ရှေ့၌ကိုယ်တော်၏စကား တွင်အမှားရှာ၍မရသဖြင့် ကိုယ်တော်ဖြေ ကြားတော်မူပုံကိုအံ့သြလျက်ဆိတ်ဆိတ် နေကြ၏။
27. ထို့နောက်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့ချဉ်းကပ်ကြ၏။ သူတို့ကားသေခြင်းမှ လူတို့ရှင်ပြန်ထမြောက်ခြင်းမရှိဟုယုံ ကြည်သူများဖြစ်ကြ၏။-
28. သူတို့က ``ဆရာတော် `တစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင် ကျန်ခဲ့ သည့်ဇနီးကိုညီဖြစ်သူကဆက်ခံထိမ်းမြား ရမည်။ အစ်ကို၏အမျိုးအနွယ်ကိုသူ၏ ကိုယ်စားတိုးပွားစေရမည်' ဟုအကျွန်ုပ်တို့ အားမောရှေမိန့်မှာခဲ့ပါသည်။-
29. အခါတစ်ပါး၌ညီအစ်ကိုခုနစ်ယောက်ရှိ ပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျသော် လည်းသားသမီးမရ။-
30. ထိုသူသေသွားသောအခါသူ့ညီအကြီးဆုံး သည်မရီးဖြစ်သူကိုဆက်ခံသိမ်းပိုက်၏။ ထို ညီသည်သားသမီးမရဘဲသေပြန်၏။-
31. ဒုတိယညီသည်လည်းထိုအမျိုးသမီးကို သိမ်းပိုက်၏။ ထိုနည်းတူစွာညီအစ်ကိုခုနစ် ယောက်စလုံးသားသမီးမရဘဲသေသွား ကြ၏။-
32. နောက်ဆုံး၌အမျိုးသမီးသည်လည်းသေ၏။-
33. ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက်ခဲ့ ကြသည်ဖြစ်၍သေခြင်းမှထမြောက်ရာနေ့တွင် ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
34. သခင်ယေရှုက ``ဤဘဝ၌လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုပြုတတ်ကြ၏။-