17. အမှန်အကန်သင်တို့အားငါဆိုသည်ကား ကလေးသူငယ်ကဲ့သို့ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူလျှင် နိုင်ငံတော်သို့ဝင်ရ လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
18. ယုဒအမျိုးသားအရာရှိတစ်ယောက် က ``ကောင်းမြတ်တော်မူသောဆရာ၊ ထာဝရ အသက်ကိုရအံ့ငှာအကျွန်ုပ်သည်အဘယ် အရာကိုပြုရပါမည်နည်း'' ဟုကိုယ်တော် အားမေးလျှောက်၏။
19. သခင်ယေရှုက ``သင်သည်အဘယ်ကြောင့်ငါ့ ကိုကောင်းမြတ်သည်ဟုခေါ်သနည်း။ ဘုရား သခင်မှတစ်ပါးကောင်းမြတ်သူတစ်စုံတစ် ယောက်မျှမရှိ။-
20. သင်သည်ပညတ်တော်တို့ကိုသိသည်မဟုတ် လော။ `သူ့အိမ်ရာကိုမပြစ်မှားနှင့်။ လူ့အသက် ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။ မိဘကိုရိုသေသမှုပြု လော့'' ဟုမိန့်တော်မူ၏။
21. ထိုသူက ``ဤပညတ်များကိုအကျွန်ုပ်သည် ငယ်စဉ်မှစ၍စောင့်ထိန်းခဲ့ပါပြီ'' ဟုလျှောက် ၏။
22. ထိုစကားကိုကြားတော်မူလျှင်သခင်ယေရှု က ``သင်သည်ပြုလုပ်ရန်တစ်ခုလိုသေး၏။ သင့် ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲသူတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင်သင်သည် ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့ စွန့်ကြဲပြီးနောက်ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။-
23. ထိုသူကားဥစ္စာများစွာကြွယ်ဝသူဖြစ်သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါအလွန် ပင်စိတ်ညှိုးငယ်သွားလေ၏။
24. ထိုအခြင်းအရာကိုသခင်ယေရှုမြင်တော်မူ လျှင် ``ဥစ္စာကြွယ်ဝသူများသည်နိုင်ငံတော်သို့ ဝင်ရန်ခက်လှ၏။-
25. အပ်နဖားကိုကုလားအုတ်လျှိုဝင်ရန်လွယ် ကောင်းလွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံ တော်သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားမလွယ် ကူ'' ဟုမိန့်တော်မူ၏။
26. ထိုစကားကိုကြားကြသောသူတို့က ``ဤသို့ ဖြစ်ပါမူအဘယ်သူသည်ကယ်တင်ခြင်းကိုရ နိုင်ပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
27. ကိုယ်တော်က ``လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင်တော်မူ၏'' ဟုမိန့်တော် မူ၏။
28. ပေတရုက ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် မိမိတို့၏အိုးအိမ်ကိုစွန့်၍ ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ'' ဟုလျှောက်၏။
29. ကိုယ်တော်က ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကားဘုရားသခင်၏နိုင်ငံတော်အတွက် မိမိ၏အိမ်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ညီအစ် ကိုဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေစွန့် သောသူသည်၊-
30. ဤဘဝ၌အဆပေါင်းများစွာသောအကျိုး ခံစားရသည်သာမက နောင်ဘဝ၌လည်း ထာဝရအသက်ကိုရလိမ့်မည်'' ဟုမိန့်တော် မူ၏။
31. သခင်ယေရှုသည်တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူပြီးလျှင် ``နားထောင်ကြလော့။ ငါ တို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက် ရှိကြ၏။ လူသားအကြောင်းနှင့်ပတ်သက်၍ ပရောဖက်များဖော်ပြခဲ့သည့်အမှုအရာ အလုံးစုံတို့သည်ဖြစ်ပျက်ရလိမ့်မည်။-
32. လူသားကိုလူမျိုးခြားတို့၏လက်သို့အပ်နှံ ကြလိမ့်မည်။ သူ့ကိုပြောင်လှောင်စော်ကား၍ တံတွေးနှင့်ထွေးကြလိမ့်မည်။-