5. သူဌေး၏မြီစားအားလုံးကိုခေါ်၏။ ထိုနောက် ပထမလူအား `ငါ့သူဌေးကိုသင်ပေးဆပ်ရန် အကြွေးမည်မျှရှိသနည်း' ဟုမေး၏။-
6. ထိုသူက `ဆီအချိန်ခွက်တစ်ထောင်ရှိပါသည်' ဟုပြန်ပြော၏။ ထိုအခါမန်နေဂျာက `သင် ၏စာရင်းကိုယူလော့။ အမြန်ထိုင်၍ခွက်ငါး ရာဟုရေးလော့' ဟုဆို၏။-
7. ထိုနောက်အခြားသူတစ်ယောက်အား `သင်သည် လည်းပေးဆပ်ရန်အကြွေးမည်မျှရှိသနည်း' ဟုမေး၏။ ထိုသူကဂျုံစပါးတင်းတစ်ထောင် ရှိပါသည်ဟုဆိုလျှင်မန်နေဂျာက `သင်၏ စာရင်းကိုယူလော့၊ အမြန်ထိုင်၍ရှစ်ရာ ဟုရေးလော့' ဟုဆို၏။-
8. ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။
9. ``ထိုမှတစ်ပါးသင်တို့အားငါဆိုသည်ကား လောကစည်းစိမ်ချမ်းသာအားဖြင့်မိတ်ဆွေ များရအောင်ပြုကြလော့။ သို့မှသာထိုစည်း စိမ်ချမ်းသာကုန်ဆုံးသောအခါသင်တို့အား ထာဝရအိမ်တော်တွင်ကြိုဆိုလက်ခံလိမ့် မည်။-
10. အမှုငယ်တွင်သစ္စာရှိသူသည်အမှုကြီးတွင် လည်းသစ္စာရှိလိမ့်မည်။ အမှုငယ်တွင်မရိုး ဖြောင့်သူသည်အမှုကြီးတွင်လည်းရိုးဖြောင့် လိမ့်မည်မဟုတ်။-
11. သို့ဖြစ်၍သင်တို့သည်လောကစည်းစိမ်ချမ်းသာ နှင့်ပတ်သက်၍သစ္စာမရှိပါမူ အဘယ်သူသည် သင်တို့အားစည်းစိမ်ချမ်းသာအစစ်အမှန်ကို အပ်မည်နည်း။-
12. သင်တို့သည်သူတစ်ပါးပိုင်သည့်ဥစ္စာပစ္စည်းနှင့် ဆိုင်၍သစ္စာမရှိပါမူ အဘယ်သူသည်သင်တို့ ပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းကိုသင်တို့အားပေးအပ် မည်နည်း။