17. သို့ရာတွင်ပညတ်ကျမ်းမှဝစ္စပေါက်တစ်လုံး ပျက်စီးရန်ထက် ကောင်းကင်နှင့်မြေကြီးပျက် စီးရန်ကသာ၍လွယ်၏။
18. ``မိမိ၏ဇနီးကိုကွာ၍အခြားအမျိုးသမီး တစ်ယောက်နှင့်အိမ်ထောင်ပြုသောသူသည်လည်း သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၏။ ကွာရှင်းထား သောအမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ပြုသော သူသည်လည်းသူတစ်ပါး၏အိမ်ရာကိုပြစ်မှား၏။
19. ``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
20. သူ၏အိမ်တံခါးအနီးတွင်လာဇရုဆိုသူ ဆင်းရဲသားတစ်ယောက်သည်တုံးလုံးလဲနေ၏။ သူ့မှာတစ်ကိုယ်လုံးအနာစိမ်းများပေါက်လျက် ရှိ၏။ ခွေးတို့သည်လာ၍သူ၏အနာစိမ်းများ ကိုလျက်ကြ၏။-
21. သူသည်သူဌေး၏စားပွဲမှကျသည့်စားနုပ် စားပေါက်များကိုစားရရန်တောင့်တနေတတ်၏။-
22. ထိုနောက်ဆင်းရဲသားသည်သေလွန်သွားသဖြင့် ကောင်းကင်တမန်တို့သည် သူ့အားအာဗြဟံ၏ လက်ယာဘက်တွင်လျောင်းစေရန်သယ်ဆောင်သွား ကြ၏။ သူဌေးသည်လည်းသေလွန်၍သင်္ဂြိုဟ်ခြင်း ကိုခံရ၏။-
23. သူသည်မရဏနိုင်ငံတွင်ဝေဒနာပြင်းစွာခံ နေရသဖြင့် မျှော်ကြည့်လိုက်သောအခါအာဗြဟံ ကိုလည်းကောင်း၊ အာဗြဟံ၏လက်ယာဘက်တွင် လာဇရုကိုလည်းကောင်းမြင်လေ၏။-
24. သူဌေးက `အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနား တော်မူပါ။ အကျွန်ုပ်သည်ဤမီးလျှံထဲတွင် ပြင်းစွာဝေဒနာခံနေရပါ၏။ လာဇရုသည် လက်ဖျားကိုရေမှာနှစ်၍အကျွန်ုပ်၏လျှာ ကိုအေးစေမည့်အကြောင်း သူ့အားအကျွန်ုပ် ထံသို့စေလွှတ်တော်မူပါ' ဟုအော်၍လျှောက်၏။
25. ``သို့ရာတွင်အာဗြဟံက `ငါ့သား၊ သင်အသက် ရှင်စဉ်သုခချမ်းသာခံစားခဲ့ရသည်ကိုလည်း ကောင်း၊ လာဇရုသည်ဆင်းရဲဒုက္ခခံခဲ့ရသည်ကို လည်းကောင်းသတိရပါလော့။ ယခုမှာမူသူ သည်သုခချမ်းသာကိုခံစားရ၍ သင်မူကား ကိုယ်၏ဒုက္ခ၊ စိတ်၏ဒုက္ခကိုခံရလေပြီ။-
26. ထိုမှတစ်ပါးသင်တို့နှင့်ငါတို့စပ်ကြားတွင် နက်စွာသောချောက်ကြီးတစ်ခုတည်ရှိ၏။ ထို ကြောင့်သင်တို့ဘက်မှငါတို့ဘက်သို့လည်း ကောင်း၊ ငါတို့ဘက်မှသင်တို့ဘက်သို့လည်း ကောင်းကူးဖြတ်လိုသူတို့သည်မကူးဖြတ် နိုင်ကြ' ဟုပြန်၍ပြော၏။-
27. သူဌေးက `အဖ၊ ထိုသို့ဖြစ်ပါမူလာဇရုအား အကျွန်ုပ်၏အဖအိမ်သို့စေလွှတ်ပေးပါရန် တောင်းပန်ပါ၏။-
28. အကျွန်ုပ်မှာညီငါးယောက်ရှိပါ၏။ သူတို့သည် လည်း ဤဝေဒနာခံရာအရပ်သို့မရောက် ကြစေခြင်းငှာ သူတို့အားသတိပေးရန် လာဇရုကိုစေလွှတ်တော်မူပါ' ဟုလျှောက်၏။-
29. အာဗြဟံက `သင်၏ညီများအားသတိပေးရန် မောရှေနှင့်ပရောဖက်များရှိချေသည်။ ထိုသူတို့ ၏စကားကိုနားထောင်ကြပါစေ' ဟုဆို၏။-
30. သို့ရာတွင်သူဌေးက `အဖအာဗြဟံ၊ ထိုသို့ မဟုတ်ပါ။ အကယ်၍သေလွန်သူများအနက် တစ်ယောက်သောသူသည် သူတို့ထံသို့သွားသည် ရှိသော်သူတို့သည်နောင်တရကြပါလိမ့်မည်' ဟုဆို၏။-
31. အာဗြဟံက `သူတို့သည်မောရှေနှင့်ပရောဖက် များ၏စကားကိုနားမထောင်ကြလျှင် အကယ် ၍သေခြင်းမှလူတစ်စုံတစ်ယောက်ထမြောက် လာသော်လည်း သူတို့ယုံကြည်ကြလိမ့်မည် မဟုတ်' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။