9. ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သောသူကို လူသားသည်ဘုရားသခင်၏ကောင်းကင် တမန်တို့ရှေ့တွင်ပစ်ပယ်လိမ့်မည်။
10. ``လူသားကိုနှုတ်ဖြင့်ပြစ်မှားသူသည်အပြစ် ပြေလွတ်ခွင့်ရနိုင်မည်ဖြစ်သော်လည်း သန့်ရှင်း သောဝိညာဉ်တော်ကိုပြစ်မှားပြောဆိုသူမူ ကား အပြစ်ပြေလွတ်ခွင့်ရနိုင်လိမ့်မည်မဟုတ်။
11. ``လူတို့သည်သင်တို့ကိုတရားဇရပ်များသို့ လည်းကောင်း၊ မင်းများအာဏာပိုင်များရှေ့သို့ လည်းကောင်း ခေါ်ဆောင်လာကြသောအခါ အဘယ်သို့ပြောဆိုရမည်ကိုမစိုးရိမ်ကြ နှင့်။-
12. သင်တို့အဘယ်သို့ပြောဆိုရမည်ကိုသန့်ရှင်း သောဝိညာဉ်တော်သည် ထိုအချိန်၌သွန်သင်ပေး တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
13. ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်အားအမွေခွဲဝေပေးရန်အစ်ကိုဖြစ် သူကိုအမိန့်ရှိတော်မူပါ'' ဟုကိုယ်တော်အား လျှောက်ထား၏။
14. ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။-
15. ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။
16. ထိုနောက်ကိုယ်တော်သည်ပုံဥပမာကိုဆောင် ၍ ``သူဌေးတစ်ဦးသည် မိမိ၏လယ်ယာမှ အသီးအနှံများစွာထွက်သဖြင့်၊-
17. `ငါ၏လယ်ယာထွက်သီးနှံများကိုသိုထား ရန်နေရာမရှိ။ ငါသည်အဘယ်သို့ပြုရ အံ့နည်း' ဟု တစ်ကိုယ်တည်းတွေးတောလျက် နေ၏။-
18. ထိုနောက် `ငါဤသို့ပြုမည်။ ကျီဟောင်းများ ကိုဖျက်၍ ပိုမိုကြီးမားသောကျီသစ်များ ကိုတည်ဆောက်မည်။ ငါ၏ဂျုံစပါးနှင့်အခြား ပစ္စည်းဥစ္စာများကို ထိုကျီသစ်ကြီးများတွင် သိုမှီးထားမည်။-
19. ထိုနောက်`သင်သည်နှစ်ပေါင်းများစွာသုံးဆောင် ရန်ဥစ္စာပစ္စည်းများကိုသိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါး စွာနေလော့' ဟုငါ့ကိုယ်ကိုငါပြောမည်ဟု ဆို၏။-
20. သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
21. ``မိမိအတွက်ဘဏ္ဍာသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်တွင်ဆင်းရဲသော သူကား အဆိုပါသူဌေးနှင့်တူသတည်း'' ဟုမိန့်တော်မူ၏။