41. သို့ရာတွင်သင်တို့၏ပန်းကန်ခွက်ယောက် များတွင်ရှိသည့်အရာများကိုဆင်းရဲသူ များအားပေးကမ်းကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည်သင်တို့အတွက်သန့် စင်လိမ့်မည်။''
42. ``ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်ပင်စိမ်းရွက်၊ လူရွက်နှင့်အခြား ဆေးဖက်ဝင်အရွက်အမျိုးမျိုးကိုဆယ်ဖို့ တစ်ဖို့ပေးလှူကြသော်လည်းတရားမျှတ မှုနှင့်ဘုရားသခင်အားကြည်ညိုမှုတို့ကို လျစ်လူရှုကြသည်။ သင်တို့သည်ဆယ်ဖို့ တစ်ဖို့ပေးလှူခြင်းကိုတရားမျှတမှုနှင့် ဘုရားသခင်အားကြည်ညိုမှုတို့ကိုပါ ကျင့်သုံးသင့်၏။''
43. ``အချင်းဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်တရားဇရပ်များတွင် မြင့်မြတ်သောနေရာများကိုလည်းကောင်း၊ စျေးရပ်ကွက်တွင်လူတို့အလေးပြုခြင်း ကိုလည်းကောင်းနှစ်သက်ကြ၏။-
44. သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမှတ်အသားမရှိသည့်သင်္ချိုင်းတွင်းများနှင့် တူ၏။ လူတို့သည်ထိုတွင်းများအပေါ်မှာ လျှောက်၍သွားကြသောအခါသင်္ချိုင်းတွင်း ဖြစ်မှန်းကိုမသိကြ'' ဟုမိန့်တော်မူ၏။
45. ကျမ်းတတ်ဆရာတစ်ယောက်က ``ဆရာတော်၊ အရှင်ဤသို့မိန့်တော်မူသည်မှာအကျွန်ုပ် တို့ကိုလည်းစော်ကားရာရောက်ပါသည်'' ဟု လျှောက်၏။
46. ကိုယ်တော်က ``အချင်းကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်းအမင်္ဂလာရှိကြ၏။ အထမ်း ရခက်သည့်ဝန်ထုပ်များကိုသင်တို့သည်လူ များအားထမ်းစေကြလျက်သင်တို့ကိုယ်တိုင် မူကားထိုဝန်ထုပ်များကိုလက်ဖျားနှင့်မျှ မတို့ကြ။-
47. သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့၏ ဘိုးဘေးများကသတ်သောပရောဖက်များ အတွက်သင်တို့ကဂူများတည်ဆောက်ပေး ကြ၏။-
48. ဤသို့လျှင်သင်တို့၏ဘိုးဘေးများကူးလွန် ခဲ့သည့်အမှုများတွင် သင်တို့အလိုတူအလို ပါဖြစ်ကြ၏။ သင်တို့၏ဘိုးဘေးများသည် ပရောဖက်များကိုသတ်၍ သင်တို့ကသင်္ချိုင်း များကိုတည်ဆောက်ပေးကြ၏။-
49. သို့ဖြစ်ခြင်းကြောင့်ဘုရားသခင်သည်ရွှေ ဉာဏ်တော်ဖြင့်`ဤလူများထဲသို့ပရောဖက် များ၊ စေတမန်များကိုငါစေလွှတ်မည်။ ထို ပရောဖက်များ၊ စေတမန်များအနက်အချို့ ကိုသူတို့ညှဉ်းဆဲ၍အချို့ကိုသတ်ကြလိမ့် မည်' ဟုမိန့်တော်မူ၏။-
50-51. သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။
52. ``ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်အသိပညာဗိမာန် တံခါးသော့ကိုသိမ်းထားပြီးလျှင်ကိုယ်တိုင် လည်းမဝင်၊ ဝင်လိုသူများကိုလည်းဆီးတား ကြ၏'' ဟုမိန့်တော်မူ၏။
53. ထိုအရပ်မှကိုယ်တော်ထွက်ကြွတော်မူသော အခါကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ သည် ကိုယ်တော်အားပြင်းထန်စွာဝေဖန်မှုကို စတင်ပြုလုပ်လာကြ၏။-
54. နှုတ်တော်ထွက်စကားတွင်အမှားရှာရန် များစွာသောအကြောင်းအရာတို့ကိုမေး မြန်းကြ၏။