42. ``သင်သည်အမျိုးသမီးတကာတို့ထက်မင်္ဂလာ ရှိ၏။ သင်ဖွားအံ့သောသားသည်မင်္ဂလာရှိ၏။-
43. အကျွန်ုပ်အရှင်၏မယ်တော်သည်အဘယ်ကြောင့် အကျွန်ုပ်ထံသို့ကြွလာတော်မူပါသနည်း။ အဘယ် ကြောင့်ဤအခွင့်ထူးကိုအကျွန်ုပ်ခံစားရပါသနည်း။-
44. သင်၏နှုတ်ဆက်စကားကိုအကျွန်ုပ်ကြား သောအခါအကျွန်ုပ်၏ဝမ်းမှသူငယ်သည် ဝမ်းမြောက်ရွှင်မြူးသဖြင့်ခုန်ပါ၏။-
45. ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော် အတိုင်းဖြစ်လိမ့်မည်ဟုသင်သည်ယုံကြည်သဖြင့် မင်္ဂလာရှိ၏'' ဟုကျယ်စွာမြွက်ဆို၏။
46. မာရိက၊``ငါ၏စိတ်နှလုံးသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုပါ၏။
47. ကယ်တင်ရှင်ဘုရားသခင်ပြုတော်မူသောအမှုကြောင့်ငါ့ဝိညာဉ်သည်အားရရွှင်လန်းပါ၏။
48. ကိုယ်တော်သည်မိမိအစေခံ၏သိမ်ငယ်သော အဖြစ်ကို သတိရတော်မူပြီ။ယခုမှစ၍နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသူဟုခေါ်ကြလိမ့်မည်။
49. အဘယ်ကြောင့်ဆိုသော်တန်ခိုးရှင်သည်ငါ့အတွက်အံ့သြဖွယ်သောအမှုများကို ပြုတော်မူသောကြောင့်ဖြစ်၏။ကိုယ်တော်၏နာမတော်သည်မြင့်မြတ် သန့်ရှင်းတော်မူ၏။
50. ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
51. မဟာလက်ရုံးတော်ဖြင့်မာနကြီးသူများကို ဖရိုဖရဲကွဲလွင့်စေတော်မူ၏။
52. ရှင်ဘုရင်များကိုနန်းချ၍သိမ်ငယ်သူများကို ချီးမြှင့်တော်မူပြီ။
53. ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
54. ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။
55. အာဗြဟံနှင့်အာဗြဟံ၏အမျိုးအနွယ်များ အပေါ် ထားတော်မူသောကရုဏာတော်ကို၊အစဉ်အမြဲပြုခြင်းငှာသတိရတော်မူပြီ ဟုဆို၏။
56. ထိုနောက်မာရိသည်ဧလိရှဗက်ထံတွင်သုံးလ ခန့်နေပြီးနောက်မိမိအိမ်သို့ပြန်လေ၏။
57. ဧလိရှဗက်သည်နေ့လစေ့သောအခါ သားရတနာကိုဖွားမြင်၏။-