14. ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
15. ထိုအမျိုးသမီးက ``အရှင်၊ ကျွန်မသည်နောက် တစ်ဖန်ရေမငတ်စေရန်လည်းကောင်း၊ ဤအရပ် သို့လာ၍ရေမခပ်ရစေရန်လည်းကောင်း ထိုရေ ကိုကျွန်မအားပေးတော်မူပါ'' ဟုလျှောက်၏။
16. ကိုယ်တော်က ``သွားလော့။ သင့်ခင်ပွန်းကိုခေါ် ခဲ့လော့'' ဟုမိန့်တော်မူ၏။
17. ထိုအမျိုးသမီးက ``ကျွန်မမှာခင်ပွန်းမရှိ ပါ'' ဟုဆို၏။ကိုယ်တော်က ``ကျွန်မမှာခင်ပွန်းမရှိဟုဆို သည်မှာမှန်ပေ၏။-
18. သင့်မှာခင်ပွန်းငါးယောက်ရှိခဲ့ဖူးပြီ။ ယခု သင်နှင့်အတူနေသူကားသင်၏ခင်ပွန်းမ ဟုတ်။ သင်သည်မှန်သောစကားကိုပြော၏'' ဟု မိန့်တော်မူ၏။
19. အမျိုးသမီးက ``အရှင်သည်ပရောဖက် ဖြစ်တော်မူကြောင်းကိုကျွန်မသိမြင်နိုင် ပါ၏။-
20. ကျွန်မတို့၏ဘိုးဘေးများသည်ဤတောင် ပေါ်မှာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လေ့ ရှိကြပါ၏။ အရှင်တို့ယုဒအမျိုးသားများ ကမူယေရုရှလင်မြို့၌သာ ဘုရားသခင် ကိုဝတ်ပြုကိုးကွယ်ရမည်ဟုဆိုကြပါ၏'' ဟုလျှောက်၏။