23. သခင်ယေရှုက ``သင်၏မောင်သည်အသက် ပြန်၍ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
24. မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။-
25. သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
26. ငါ့ကိုယုံကြည်၍ယခုအသက်ရှင်လျက်ရှိ သောသူသည်လည်း အဘယ်အခါမျှသေရ လိမ့်မည်မဟုတ်။ ငါ့စကားကိုသင်ယုံပါ သလော'' ဟုမေးတော်မူ၏။
27. မာသက ``ယုံပါ၏သခင်။ အရှင်သည်ဤ လောကသို့ကြွလာမည့်ဘုရားသခင်၏ သားတော်မေရှိယဖြစ်တော်မူသည်ကို ကျွန်မယုံပါ၏'' ဟုလျှောက်၏။
28. ဤသို့လျှောက်ထားပြီးလျှင်မာသသည်အိမ် သို့ပြန်၍ညီမမာရိကိုတိတ်တဆိတ်ခေါ် ပြီးနောက် ``ဆရာတော်ကြွလာတော်မူပြီ။ သင့်အားမေးလျက်နေသည်'' ဟုပြောကြား၏။-
29. ထိုစကားကိုကြားလျှင်မာရိသည်အလျင် အမြန်ထ၍အထံတော်သို့သွားလေ၏။-
30. သခင်ယေရှုသည်ကားရွာထဲသို့မဝင်ရသေး။ မာသသွားရောက်ကြိုဆိုရာအရပ်မှာပင်ရှိ တော်မူ၏။-
31. မာရိအားနှစ်သိမ့်စကားပြောကြားရန်အိမ် တွင်ရှိနေကြသောလူတို့သည်မာရိအလျင် အမြန်ထ၍ထွက်သွားသည်ကိုမြင်လျှင် ငို ကြွေးရန်သင်္ချိုင်းသို့သွားသည်ဟုထင်မှတ် ကြ၏။ သို့ဖြစ်၍သူတို့သည်မာရိ၏နောက် သို့လိုက်သွားကြ၏။