1. မကြာမီလူပရိသတ်ကြီးစုရုံးမိပြန်၏။ သူ တို့မှာစားစရာမရှိကြသဖြင့် ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်တော်မူ၍၊-
2. ``ဤလူတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် ရှိနေခဲ့ကြ၏။ ယခုသူတို့မှာစားစရာမရှိ ကြ။ သို့ဖြစ်၍သူတို့ကိုငါသနားတော်မူသည်။-
3. အချို့သောသူတို့သည်ခရီးဝေးမှလာရောက်ခဲ့ ကြ၏။ သူတို့ကိုမကျွေးမွေးဘဲအိမ်သို့ပြန်စေ ပါလျှင် သူတို့သည်လမ်းခရီးတွင်မူးလဲကုန် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
4. တပည့်တော်တို့က ``ဤတောကန္တာရတွင်အဘယ် သို့လျှင် ထိုသူတို့ကိုကျွေးနိုင်လောက်အောင်အစား အစာရနိုင်ပါမည်နည်း'' ဟုပြန်၍လျှောက်ကြ၏။
5. ကိုယ်တော်က ``သင်တို့တွင်မုန့်မည်မျှရှိသနည်း'' ဟုမေးတော်မူ၏။တပည့်တော်တို့က ``မုန့်ခုနစ်လုံးရှိပါသည်'' ဟုလျှောက်ကြ၏။
6. ကိုယ်တော်သည်လူအပေါင်းတို့ကိုမြေပေါ်တွင် ထိုင်စေတော်မူပြီးလျှင်မုန့်ခုနစ်လုံးကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်များကိုဖဲ့တော်မူ၍လူတို့ အားဝေပေးကြ၏။ သူတို့၌ငါးအနည်းငယ် လည်းရှိ၏။-