4. ယင်းသို့ဟေရှာယကဖော်ပြသည်နှင့်အညီ ဗတ္တိဇံ ဆရာယောဟန်သည်တောကန္တာရတွင်ပေါ်ထွန်းလာ၏။ သူသည်လူတို့အား ``နောင်တရ၍ဗတ္တိဇံကိုခံယူ ကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟု ဟောပြော၏။-
5. ယေရုရှလင်မြို့နှင့်ယုဒပြည်ကျေးလက်တောရွာ တို့မှ လူအပေါင်းတို့သည်ယောဟန်ထံသို့သွားကြ ကုန်၏။ မိမိတို့အပြစ်များကိုဖော်ပြဝန်ခံလျက် ယော်ဒန်မြစ်တွင်ယောဟန်ထံမှဗတ္တိဇံကိုခံယူကြ၏။
6. ယောဟန်သည်ကုလားအုပ်မွေးအဝတ်ကြမ်းကို ဝတ်ထား၏။ သားရေခါးပန်းကိုစည်းထား၏။ ကျိုင်းကောင်နှင့်ပျားရည်ကိုမှီဝဲ၏။-
7. သူက ``ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ၏ နောက်တွင်ပေါ်ထွန်းလာလိမ့်မည်။ ငါသည်ထိုအရှင် ၏ဖိနပ်ကြိုးကိုမျှငုံ့၍မဖြည်ထိုက်။-
8. ငါသည်သင်တို့အားရေဖြင့်ဗတ္တိဇံမင်္ဂလာကို ပေး၏။ ထိုအရှင်ကားသန့်ရှင်းသောဝိညာဉ်တော် ဖြင့် ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့'' ဟု လူတို့အားဟောပြောလေသည်။
9. ထိုနောက်များမကြာမီသခင်ယေရှုသည် ဂါလိလဲ ပြည်နာဇရက်မြို့မှကြွလာတော်မူ၍ ယော်ဒန်မြစ် တွင်ယောဟန်ထံမှဗတ္တိဇံမင်္ဂလာကိုခံတော်မူသည်။-
10. ရေမှတက်တော်မူစဉ်မိုးကောင်းကင်ကွဲဟ၍ မိမိ အပေါ်သို့ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ဆင်းသက်သည်ကိုမြင်တော်မူ၏။-
11. ကောင်းကင်မှလည်း ``သင်ကားငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သာ၈ပေတည်း'' ဟုအသံတော်ထွက် ပေါ်လာ၏။
12. ချက်ချင်းပင်ဝိညာဉ်တော်သည် ကိုယ်တော်ကို တောကန္တာရသို့ပို့ဆောင်တော်မူ၏။-
13. တောကန္တာရတွင်စာတန်သည်ကိုယ်တော်အား အရက် လေးဆယ်ပတ်လုံးစုံစမ်းသွေးဆောင်လေသည်။ ထို အရပ်တွင်တောတိရစ္ဆာန်များလည်းရှိ၏။ သို့ရာ တွင်ကောင်းကင်တမန်တို့သည်လာ၍ ကိုယ်တော် ကိုလုပ်ကျွေးကြ၏။
14-15. ယောဟန်အကျဉ်းခံရပြီးနောက်သခင်ယေရှုသည် ဂါလိလဲပြည်သို့ကြွလာ၍ ``ချိန်းချက်တော်မူရာ အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်တည် လုနီးပြီ။ နောင်တရ၍သတင်းကောင်းကိုခံယူ ယုံကြည်ကြလော့'' ဟုဘုရားသခင်ထံမှ သတင်းကောင်းကိုဟောပြောတော်မူ၏။
16. ကိုယ်တော်သည်ဂါလိလဲကမ်းခြေတွင်လျှောက်သွား တော်မူစဉ် ရှိမုန်နှင့်ညီအန္ဒြေကိုမြင်တော်မူ၏။ သူတို့ သည်တံငါသည်များဖြစ်သည်အလျောက် အိုင်ထဲ တွင်ကွန်ပစ်နေကြသတည်း။-
17. သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု ထိုသူတို့အားမိန့်တော်မူ၏။-
18. ထိုသူတို့သည်ချက်ချင်း မိမိတို့၏ပိုက်ကွန်များ ကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။