6. ဘုရားသခင်၏ကတိတော်အတိုင်းအကောင် အထည်မပေါ်ဟုငါမဆိုလို။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏လူစုတော်တွင် ဣသရေလအမျိုးသားအားလုံးမပါဝင် သောကြောင့်ဖြစ်၏။-
7. ထို့အပြင်အာဗြဟံမှဆင်းသက်လာသူအား လုံးတို့သည်အာဗြဟံ၏သားမြေးအစစ် မဟုတ်ပေ။ ဘုရားသခင်က``သင်သည်ဣဇက် အားဖြင့်သာလျှင်သားမြေးများရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။-
8. တစ်နည်းကားသာမန်အားဖြင့်မွေးဖွားသော အာဗြဟံ၏သားမြေးများသည် ဘုရားသခင် ၏သားသမီးများမဟုတ်။ ကိုယ်တော်ကတိတော် အတိုင်းမွေးဖွားလာသူများကိုသာလျှင် အာဗြဟံ၏သားမြေးအစစ်အမှန်များ ဟုခေါ်နိုင်ပေသည်။-
9. ဘုရားသခင်က``အချိန်တန်သောအခါငါလာ ခဲ့မည်။ စာရာသည်သားယောကျာ်းကိုဖွားမြင် လိမ့်မည်'' ဟုအာဗြဟံအားကတိထားတော် မူသတည်း။
10. ထို့အပြင်ရေဗက္က၏သားနှစ်ယောက်တို့သည် ငါ တို့ဘိုးဘေးဣဇာက်နှင့်ရသောသားများဖြစ် ကြ၏။-