1. သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။-
2. အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
3. လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-
4. ဤသို့ဘုရားသခင်အရေးယူဆောင်ရွက်တော် မူရခြင်းမှာ ငါတို့သည်လူ့ဇာတိသဘောနှင့် အညီမဟုတ်ဘဲ၊ ဝိညာဉ်တော်၏အလိုတော် နှင့်အညီအသက်ရှင်ကြသောငါတို့သည် ပညတ်တရားပြဋ္ဌာန်းသည့်အကျင့်များ ကိုလိုက်နာကျင့်သုံးကြစေရန်ဖြစ်သည်။-
5. လူ့ဇာတိသဘော၏စေခိုင်းမှုအရအသက် ရှင်သူတို့သည် လူ့ဇာတိသဘောနှင့်ဆိုင်သော အရာများကိုသာစိတ်စွဲလမ်းကြ၏။ သို့ရာ တွင်ဝိညာဉ်တော်၏ညွှန်ကြားချက်အရ အသက်ရှင်သူတို့မူကား ဝိညာဉ်တော်အလို ရှိသောအရာများကိုစိတ်စွဲလမ်းကြ၏။-
6. ဇာတိသဘောနှင့်ဆိုင်သောအရာများကိုစိတ် စွဲလမ်းသူသည်အသက်သေလိမ့်မည်။ ဝိညာဉ် တော်နှင့်ဆိုင်သောအရာများကိုစိတ်စွဲလမ်း သူကား အသက်ရှင်သန်၍ငြိမ်သက်ခြင်းကို ရရှိလိမ့်မည်။-
7. ဇာတိသဘောဆိုင်ရာအရာများကိုစိတ်စွဲ လမ်းသူသည် ဘုရားသခင်အားရန်ဖက်ပြုသူ ဖြစ်၏။ ထိုသို့စိတ်စွဲလမ်းသူသည်ဘုရားသခင် ၏တရားတော်ကိုမလိုက်လျှောက်။ အကယ်ပင် မလိုက်လျှောက်နိုင်။-