13. သို့ဖြစ်လျှင်ကောင်းမြတ်သည့်အရာကငါ့အား သေစေသလော။ မသေစေနိုင်ရာ။ ငါ့အားသေစေ သောအရာမှာအပြစ်တရားဖြစ်ပေသည်။ အပြစ် တရားသည် ၎င်း၏ပင်ကိုသဘောသဘာဝကို ပေါ်လွင်ထင်ရှားစေရန် ကောင်းမြတ်သည့်အရာ ကိုအသုံးပြု၍ငါ့ကိုသေစေခြင်းသာဖြစ်၏။ သို့ဖြစ်၍အပြစ်တရားသည်မည်မျှဆိုးရွား ကြောင်းကိုပညတ်တော်အားဖြင့်သိရ၏။
14. ပညတ်တရားသည်ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင်ငါသည်အပြစ် တရား၏ကျွန်ဖြစ်သည့်လူသားဖြစ်၏။-
15. မိမိကိုယ်တိုင်ပြုသည့်အမှုကိုပင်နားမလည်။ အဘယ်ကြောင့်ဆိုသော်မိမိပြုကျင့်လိုသည့် အတိုင်းမပြုကျင့်ဘဲ မိမိရွံမုန်းသည့်အမှု ကိုသာပြုသောကြောင့်ဖြစ်၏။-
16. ငါသည်မိမိမပြုကျင့်လိုသောအမှုကိုပြု ကျင့်၏။ သို့ဖြစ်၍ပညတ်တရားမှန်ကန်ကြောင်း ကိုငါဝန်ခံ၏။-
17. ထို့ကြောင့်ငါပြုသောအမှုကိုပြုသောသူသည် စင်စစ်အားဖြင့်ငါမဟုတ်၊ ငါ၏စိတ်နှလုံး အတွင်း၌ရှင်သန်လျက်ရှိသည့်အပြစ်တရား ပင်ဖြစ်ပေသည်။-
18. ငါ၏လူ့ဇာတိ၌ကောင်းသောအရာမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော်ငါ့မှာအကျင့် ကောင်းကို ပြုကျင့်လိုသောစိတ်ရှိသော်လည်းပြု ကျင့်နိုင်စွမ်းကားမရှိသောကြောင့်ဖြစ်၏။-
19. ငါသည်အကျင့်ကောင်းကိုပြုကျင့်လိုသော်လည်း မပြုကျင့်ဘဲမကျင့်လိုသောအကျင့်ဆိုးကို သာကျင့်၏။-
20. မိမိမကျင့်လိုသောအကျင့်ကိုကျင့်သောသူ ကားငါမဟုတ်၊ ငါ၏စိတ်နှလုံးအတွင်း၌ရှင် သန်လျက်ရှိသောအပြစ်တရားပင်ဖြစ်၏။
21. သို့ဖြစ်၍ငါတွေ့ရှိရသောသဘောတရားမှာ ငါသည်အကျင့်ကောင်းကိုကျင့်လိုသောအခါ အကျင့်ဆိုးကိုသာကျင့်နိုင်ခြင်းဖြစ်သည်။-
22. ဘုရားသခင်၏ပညတ်တရားတော်ကို ငါ၏ စိတ်နှလုံးကနှစ်သက်ဝမ်းမြောက်စွာလက်ခံ ၏။-
23. သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။-
24. သြော် ဒုက္ခပါတကား။ သေစေသည့်ဤကိုယ်ခန္ဓာ မှအဘယ်သူသည်ငါ့ကိုကယ်ဆယ်မည်နည်း။-