1. ညီအစ်ကိုတို့၊ သင်တို့သည်တရားဥပဒေ များအကြောင်းကိုသိထားသူများဖြစ်၍ ငါ ယခုပြောဆိုမည့်အကြောင်းအရာကိုနား လည်ကြလိမ့်မည်။ လူသည်အသက်ရှင်လျက် နေသမျှကာလပတ်လုံးတရားဥပဒေ များ၏အာဏာစက်အောက်တွင်ရှိ၏။-
2. ဥပမာပေးရသော်အိမ်ထောင်သည်အမျိုး သမီးတစ်ယောက်သည် မိမိ၏ခင်ပွန်းအသက် ရှင်စဉ်လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာတရား ဥပဒေအောက်တွင်နေရ၏။-
3. သို့ဖြစ်၍သူသည်မိမိခင်ပွန်းအသက်ရှင်လျက် ရှိစဉ်အခြားလူတစ်ယောက်နှင့်ပေါင်းသင်းနေ ထိုင်ပါမူ မျောက်မထားသူဟုအခေါ်ခံရမည် ဖြစ်သော်လည်း ခင်ပွန်းသေဆုံးလျှင်မူကား တရားဥပဒေနှင့်ကင်းလွတ်သွားပြီဖြစ်၍ အခြားလူတစ်ယောက်နှင့်ထိမ်းမြားစုံဖက်လျှင် မျောက်မထားသူမဖြစ်တော့ပေ။-
4. ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။-