9. သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
10. ကျမ်းစာတော်တွင်၊``ဖြောင့်မတ်သူဟူ၍ တစ်ယောက်မျှမရှိ။
11. ပညာရှိသူဟူ၍မရှိ။ဘုရားသခင်ကိုကိုးကွယ်သူ တစ်ယောက်မျှမရှိ။
12. လူအပေါင်းတို့သည်ကိုယ်တော်ကို ကျောခိုင်းသွားကြလေပြီ။သူတို့အားလုံးပင်လမ်းလွဲကြလေပြီ။အမှန်တရားကိုပြုကျင့်သူဟူ၍မရှိ။ တစ်ယောက်မျှမရှိ။
13. သူတို့သည်ကြောက်မက်ဖွယ်ကောင်းသော စကားများကိုပြောဆိုကြ၏။သူတို့သည်မိမိတို့လျှာဖြင့်လိမ်လည်လှည့် စားကြ၏။မြွေဆိုးကဲ့သို့သူတို့၏နှုတ်ခမ်းတွင် အဆိပ်အတောက်ရှိ၏။
14. သူတို့၏ခံတွင်းသည်ခါးသီးစွာကျိန်စာ သင့်သော စကားနှင့်ပြည့်ဝလျက်ရှိ၏။
15. သူတို့သည်လူ့အသက်ကိုသတ်ရန်လက်မနှေး ကြ။
16. သူတို့ရောက်လေရာတွင်သူတို့လက်ချက်ဖြင့် ပျက်စီးဆုံးရှုံးမှုရှိ၏။
17. သူတို့သည်ငြိမ်းချမ်းရေးလမ်းစဉ်ကို အဘယ်အခါ၌မျှမလိုက်ကြ။
18. သူတို့တွင်ဘုရားသခင်အားကြောက်ရွံ့သော စိတ်မရှိကြ''ဟူ၍ပါရှိသည့်အတိုင်းဖြစ်သတည်း။
19. ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-
20. ပညတ်တရား၏ပြဋ္ဌာန်းချက်များကိုစောင့် ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရားသခင် နှင့်မှန်ကန်စွာမဆက်ဆံနိုင်။ ပညတ်တရား ၏ဆောင်ရွက်ချက်မှာလူတို့သည် မိမိတို့ အပြစ်ကူးလွန်သူများဖြစ်ကြောင်းကို သိရှိလာစေရန်ပင်ဖြစ်၏။
21. သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူသားအားမိမိနှင့်အဘယ်နည်းဖြင့် မှန်ကန် စွာဆက်ဆံစေကြောင်းသိသာထင်ရှားလာ ပေပြီ။ ဤနည်းသည်တရားဥပဒေနှင့်လုံးဝ မသက်ဆိုင်။ သို့ရာတွင်ဤအကြောင်းကို မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များကသက်သေခံကြ၏။-
22. လူတို့အားဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံနိုင်သောနည်းလမ်းမှာယေရှုခရစ် ကိုယုံကြည်ခြင်းဖြစ်သည်။ လူတို့သည်ခြား နားခြင်းမရှိ။-
23. လူမှန်သမျှသည်အပြစ်ကူးသူများဖြစ် ကြ၍ဘုရားသခင်၏ရှေ့တော်မှောက်မှဝေး ကွာစွာနေရကြ၏။-
24. လူတို့အားအပြစ်မှလွတ်မြောက်စေတော်မူ သောခရစ်တော်ယေရှုကိုအကြောင်းပြု၍ ဘုရားသခင်သည်အခမဲ့ကျေးဇူးတော် အားဖြင့်လူတို့အားမိမိနှင့်မှန်ကန်စွာ ဆက်ဆံစေတော်မူ၏။-
25-26. ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။
27. သို့ဖြစ်၍ငါတို့ဝါကြွားစရာအကြောင်း အဘယ်မှာရှိတော့အံ့နည်း။ ငါတို့ဝါကြွား စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်း။ ပညတ်တရားကိုငါတို့လိုက်နာကျင့်သုံး ကြသည့်အတွက်ကြောင့်လော။ မဟုတ်ပါ။ ယုံကြည်သည့်အတွက်ကြောင့်ဖြစ်၏။-
28. ယုံကြည်ခြင်းအားဖြင့်သာလျှင်ကိုယ်တော် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ကြောင်း၊ ပညတ်တရားကိုကျင့်သုံးခြင်းအားဖြင့် မရရှိနိုင်ကြောင်းငါတို့ယခုသိကြပြီ ဖြစ်သည်။-