17. ထို့ကြောင့်ငါသည်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်လျက် ဘုရားသခင်၏ အမှုတော်ကိုဆောင်ရွက်ရသည့်အတွက်ဂုဏ် ယူဝါကြွားနိုင်၏။-
18-19. လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-
20. သူတစ်ပါးတို့ချခဲ့သည့်တိုက်မြစ်ပေါ်တွင် ငါမတည်မဆောက်လို။ ငါ၏ဆန္ဒမှာခရစ်တော် ၏အကြောင်းကိုမကြားဘူးသေးသောအရပ် တို့တွင်သတင်းကောင်းကိုကြေညာရန်ဖြစ် သည်။-
21. ကျမ်းစာတော်တွင်၊``ထိုသူ၏အကြောင်းကိုအဘယ်သူမျှ မပြောဘူးသော်လည်းသူတို့သည်မြင်ကြလိမ့်မည်။မကြားဘူးသောသူတို့သည်နားလည်ကြလိမ့်မည်''ဟုဖော်ပြပါရှိသည်အတိုင်းဖြစ်သည်။
22. ဤအကြောင်းကြောင့်ငါသည်အကြိမ်ကြိမ်အဖန် ဖန်ကြိုးစားသော်လည်း သင်တို့ထံသို့မရောက်နိုင် ခဲ့ပါ။-
23. သို့ရာတွင်ယခုအခါ၌ငါသည်ထိုဒေသများ တွင် ဆောင်ရွက်သင့်သည့်အမှုကိစ္စကိုဆောင်ရွက်ပြီး ပါပြီ။ သင်တို့ထံသို့လာရန်လွန်ခဲ့သောနှစ်ပေါင်း များစွာကပင်ဆန္ဒရှိခဲ့သည်အတိုင်း၊-
24. ယခုသင်တို့ထံသို့လာရောက်နိုင်မည်ဟုမျှော်လင့် ပါ၏။ ငါသည်စပိန်ပြည်သို့ခရီးသွားစဉ်သင်တို့ ထံသို့ဝင်ရောက်လည်ပတ်ရန်အကြံရှိပါ၏။ သင် တို့ထံတွင်ခေတ္တမျှတည်းခိုလည်ပတ်ပြီးနောက် စပိန်ပြည်သို့ဆက်လက်ခရီးပြုနိုင်ရန်ငါ့အား ကူညီမစကြစေလိုပါသည်။-
25-26. ယခုမှာမူမာကေဒေါနိပြည်နှင့်ဂရိပြည်ရှိ အသင်းတော်တို့က ယေရုရှလင်မြို့ရှိဘုရား သခင်၏လူစုတော်ထဲတွင် ဆင်းရဲသောတပည့် တော်တို့အားစေတနာအလျောက်ပေးလှူထောက် ပံ့ရန်ဆုံးဖြတ်သဖြင့် ထိုမြို့ရှိတပည့်တော်တို့ အားထောက်ပံ့ရန်ငါသွားမည်။-
27. ယင်းသို့သူတို့ဆုံးဖြတ်ကြသည်မှာမိမိတို့စေ တနာအလျောက်သာလျှင်ဖြစ်ပေသည်။ အမှန်အား ဖြင့်ဆိုသော်ထိုဆင်းရဲသောသူတို့အားကူညီ မစရန်သူတို့မှာတာဝန်ရှိ၏။ ယုဒအမျိုးသား တို့သည်မိမိတို့ခံစားရသည့်ဝိညာဉ်ဆုကျေးဇူး များကိုလူမျိုးခြားတို့အားဝေမျှကြသည်ဖြစ်ရာ လူမျိုးခြားတို့ကလည်းယုဒအမျိုးသားတို့အား စားဝတ်နေရေးကိစ္စတွင်အကူအညီပေးသင့် ကြပေသည်။-
28. သို့ဖြစ်၍ငါသည်ကောက်ခံရရှိသမျှသောအလှူ ငွေကိုထိုသူတို့အားပေးအပ်ရန်ကိစ္စပြီးစီးအောင် ဆောင်ရွက်ပြီးနောက်စပိန်ပြည်သို့ခရီးသွားမည်။ လမ်းကြုံကြိုက်၍သင်တို့ထံသို့ဝင်ရောက်လည်ပတ် မည်။-
29. သင်တို့ထံလာသောအခါခရစ်တော်၏ကောင်းချီး မင်္ဂလာအပြည့်အစုံနှင့်ငါရောက်လာမည်ကိုငါ သိ၏။
30. ညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်နှင့် ဝိညာဉ်တော်ကငါတို့အားပေးသနားတော်မူ သောမေတ္တာကိုအကြောင်းပြု၍ ငါ့အတွက်ငါ နှင့်အတူဘုရားသခင်ထံတော်သို့စိတ်အား ထက်သန်စွာဆုတောင်းပတ္ထနာပြုရန်သင်တို့ အားငါတိုက်တွန်းနှိုးဆော်ပါ၏။-
31. ငါသည်ယုဒပြည်ရှိမယုံကြည်သူတို့၏ဘေး ရန်မှလွတ်မြောက်နိုင်စေရန်နှင့်ငါ၏ကူညီဆောင် ရွက်မှုကို ယေရုရှလင်မြို့ရှိဘုရားသခင်၏ လူစုတော်ကဝမ်းသာစွာလက်ခံနိုင်ကြစေရန် ဆုတောင်းပတ္ထနာပြုကြလော့။-
32. သို့ဖြစ်၍ဘုရားသခင်အလိုတော်ရှိလျှင်ငါ သည်ဝမ်းမြောက်စွာသင်တို့ထံသို့လာ၍ သင်တို့ နှင့်အတူပျော်ရွှင်စွာနားနေခွင့်ကိုရရှိပါလိမ့် မည်။-
33. ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အပေါင်းတို့နှင့်အတူရှိတော်မူပါ စေသော။ အာမင်။