5. သို့ဖြစ်၍သင်သည်ဘုရားသခင်အပြစ်ဒဏ် ခတ်တော်မူမည်ကိုကြောက်သောကြောင့်သာ မက မိမိသြတ္တပ္ပစိတ်ကြည်လင်မှုကိုထောက် ၍လည်းအစိုးရမင်း၏အမိန့်အာဏာကို လိုက်နာရမည်။
6. ဤအကြောင်းကြောင့်သင်တို့သည်အခွန်ကိုပေး ရ၏။ အဘယ်ကြောင့်ဆိုသော်အစိုးရမင်းသည် မိမိ၏တာဝန်ဝတ္တရားများကိုထမ်းဆောင်သော အခါ၌ ဘုရားသခင်၏အမှုတော်ကိုထမ်း ဆောင်သောကြောင့်တည်း။-
7. သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။
8. အချင်းချင်းထံမေတ္တာကြွေးမှတစ်ပါးအဘယ် ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးအားချစ် သောသူသည်ပညတ်တရားကိုစောင့်ထိန်း သူဖြစ်၏။-
9. အဘယ်ကြောင့်ဆိုသော် ``အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့'' ဟူသောပညတ်သည် ``သူ့ အိမ်ရာကိုမပြစ်မှားနှင့်၊ လူ့အသက်ကိုမ သတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ သူ့ဥစ္စာကိုတပ် မက်လိုချင်သောစိတ်မရှိနှင့်'' ဟူသောပညတ် များနှင့်အခြားပညတ်ရှိသမျှ၏အချုပ် ဖြစ်သောကြောင့်တည်း။-