23. ယုဒအမျိုးသားတို့သည်မယုံကြည်သော စိတ်စွန့်၍ယုံကြည်ကြမည်ဆိုပါက အငုတ် တွင်ပြန်လည်ကိုင်းဆက်စိုက်ပျိုးခြင်းကိုခံရ ကြလိမ့်မည်။ ဘုရားသခင်သည်ဤအမှုကို ပြုတော်မူနိုင်၏။-
24. လူမျိုးခြားဖြစ်သူသင်တို့အားမိမိတို့၏ နဂိုမူရင်းရိုင်းသောသံလွင်မှခုတ်ဖြတ်၍ သင် တို့၏နဂိုမူရင်းမဟုတ်သည့်ယဉ်သောသံလွင် တွင်ကိုင်းဆက်စိုက်ပျိုးတော်မူပါလျှင် ယဉ်သော သံလွင်၏နဂိုမူရင်းအကိုင်းများဖြစ်သည့် ယုဒအမျိုးသားတို့အား မူရင်းသံလွင်ပင် တွင်ပိုမိုလွယ်ကူစွာပြန်လည်ကိုင်းဆက် စိုက်ပျိုးတော်မူမည်မဟုတ်လော။
25. ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
26. ထိုနောက်ဘုရားသခင်သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးကိုကယ်တင်တော် မူလိမ့်မည်။ ကျမ်းစာတော်တွင်၊``ကယ်တင်ရှင်သည်ဇိအုန်တောင်မှကြွလာပြီး လျှင်၊ယာကုပ်၏သားမြေးများထံမှ၊ဆိုးညစ်မှု အပေါင်းကို ပယ်ရှားတော်မူလိမ့်မည်။
27. ငါသည်သူတို့၏အပြစ်များကိုပယ်ရှားသော အခါ သူတို့နှင့်ဤပဋိညာဉ်ကိုပြုမည်။''ဟုဖော်ပြပါရှိသည်အတိုင်းဖြစ်လေသည်။-
28. သတင်းကောင်းကိုပစ်ပယ်ကြသည့်အတွက် ယုဒအမျိုးသားတို့သည် ဘုရားသခင်၏ ရန်သူဖြစ်လာကြ၏။ ယင်းသို့ဖြစ်လာခြင်း သည်လူမျိုးခြားဖြစ်သူသင်တို့၏အကျိုး အတွက်ဖြစ်ပေသည်။ သို့ရာတွင်ဘုရားသခင် သည်သူတို့ကိုရွေးချယ်တော်မူသောကြောင့် သူတို့၏ဘိုးဘေးများကိုထောက်ထားလျက် သူတို့အားချစ်တော်မူသေး၏။-
29. ကိုယ်တော်သည်မည်သူ့ကိုမဆိုရွေးကောက်၍ ကောင်းချီးပေးတော်မူရန်ဆုံးဖြတ်တော်မူ ပြီးနောက်စိတ်သဘောပြောင်းလဲတော်မမူ တတ်။-
30. လူမျိုးခြားဖြစ်သူသင်တို့သည်အခါတစ်ပါး ကဘုရားသခင်၏စကားတော်ကိုမနာခံခဲ့ ကြ။ သို့သော်လည်းယခုအခါကရုဏာတော် ကိုသင်တို့ခံစားခွင့်ရရှိကြသည်မှာ ယုဒ အမျိုးသားတို့သည်ကိုယ်တော်၏စကား တော်ကိုမနာခံခဲ့ကြသောကြောင့်ဖြစ်၏။-
31. ထိုနည်းတူဘုရားသခင်၏ကရုဏာတော် ကိုသင်တို့ခံစားကြရခြင်းကြောင့် ယုဒ အမျိုးသားတို့သည်ကရုဏာတော်ကိုမိမိ တို့လည်းခံစားရအံ့သောငှာ ဘုရားသခင် ၏စကားတော်ကိုယခုအခါမနာခံဘဲ နေကြ၏။-
32. လူသားအပေါင်းတို့သည်မနာခံကြသည့် အတွက် ဘုရားသခင်သည်သူတို့အားအကျဉ်း သားများသဖွယ်ဖြစ်စေတော်မူ၏။ ဤသို့ ကိုယ်တော်ပြုတော်မူရခြင်းမှာသူတို့အား ကရုဏာတော်ကိုပြတော်မူလိုသောကြောင့် ပင်ဖြစ်ပေသည်။
33. ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-
34. ကျမ်းစာတော်က၊``အဘယ်သူသည်ထာဝရဘုရားရှင် အဘယ်သို့ စဉ်းစားဆင်ခြင်တော်မူသည်ကိုသိသနည်း။အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်သနည်း။